ခမ်းသားငေါဝ်း
ဩဂုတ် ၁၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မျော့ကို စျေးကောင်းပေးကာဝယ်ယူနေကြောင်း မျော့ရှာဖွေရောင်းချသူထံမှ သိရှိရသည်၊၊
ပွဲစားများက မျော့တစ်ပိဿာလျှင် ငွေ ၈သောင်းကျပ် ဝန်းကျင်အထိ ပေးဝယ်နေကြောင်းသိရသည်၊၊
ယခုကာလတွင် မျော့ရောင်းချရန် စျေးကောင်းရရှိနေသော်လည်း လိုက်လံရှာဖွေရာတွင် မလွယ်ကူတော့ကြောင်း မျော့ရှာဖွေသူတစ်ဦးက ဆိုသည်၊၊
” ဒီနှစ်လည်း မျော့တွေကိုဝယ်ကြတယ် တပိဿာကို ၈သောင်းကျပ် အထိပေးဝယ်ကြတယ် ဒါပေမဲ့ မျော့ကအရင်လိုမပေါတော့ဘူး ရှာရခက်လာတယ်” ဟု မျော့ရှာဖွေရောင်းချသူက ပြောသည်၊၊
မျော့ကို ယခင်နှစ်တွင် စတင်ဝယ်ယူမှုရှိလာပြီး ပွဲစားအဆင့်ဆင့်မှ မျော့အစိုအခြောက်ဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် လိုက်လံဝယ်ယူနေ‌ကြောင်း သိရသည်၊၊
အင်းလေးဒေသမှ မျော့ရှာဖွေသူတစ်ဦးကလည်း” မျော့စျေးကကောင်းတယ် သိပ်တော့မရှိဘူး ငါးသွားဖမ်းရင်မျော့ပါရှာခဲ့တယ် တစ်ဆယ်သားရရင်လည်း ၇ထောင်ကျော်ရနေပြီလေ တစ်ပိဿာရဖို့တော့မလွယ်ဘူးဗျာ”ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
ယခင်နှစ် မျော့စတင်ဝယ်ယူစဥ်တွင် ၃သောင်းကျပ်ဝန်းကျင်စျေးရှိနေပြီး ယခုနှစ်တွင် ၈သောင်းကျပ်အထိစျေးရှိနေကြောင်း အင်းလေးဒေသခံများ၏ ပြောပြချက်အရသိရသည်၊၊
မျော့ကိုရှာဖွေရောင်းချရာတွင် အင်းလေးဒေသအပြင် ပုန်းအင်းဒေသတွင်လည်းရှိကြောင်း သိရသည်၊၊
တရုတ်နိုင်ငံတွင် မျှော့ကို တိုင်းရင်းဆေး ကုသနည်းအဖြစ် သွေးတိုး၊ ဆီးချို ရောဂါသမားများကို သွေးစုပ်ထုတ်လေ့ရှိကြောင်း သိရသည်။

You missed