ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၃
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန်တွင် အကျဥ်းထောင်အတွင်းမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၁၉ ဦးအထိရှိလာကြောင်းနိုင်ငံရေးအ ကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်းAAPP ထုတ်ပြန်ချက် အရသိရသည်။
အကျဥ်းထောင်အတွင်း မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူအပါအဝင် စုစုပေါင်းသေဒဏ်ချမှတ်ခံရသူ (၁၅၈)ဦးရှိသည့်အနက် ဝါဆိုလပြည့်နေ့တွင် ၇ ဦးအားတစ်သက်တစ်ကျွန်း​ပြစ် ဒဏ်ပြောင်းလဲသတ်မှတ်မှုကြောင့်လက်ရှိတွင်သေဒဏ်ချမှတ်ခံထားရသူ(၁၅၁)ဦးရှိနေဆဲဖြစ်ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်သြဂုတ် ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ(၂၄,၂၂၈) ဦးဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသည့်ဦးရေ(၃,၈၉၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။
ထို ဖမ်းဆီးခံရသူ(၂၄,၂၂၈) ဦးရှိသည့်အနက် (၇,၀၁၀)ဦးသည် လက်ရှိပြစ်ဒဏ်ချမှတ်ခံထားရပြီး ကျန်သည့်(၁၉,၇၄၀) ဦးသည် ထိန်းသိမ်းခံနေရခြင်းဖြစ်ကြောင်း သိရသည်။
လက်တလောအချိန်ထိဖမ်းဆီးခံရာမှ ပြန်လည်လွတ်မြောက်လာသူ (၄၄၈၈)ဦးရှိကြောင်း AAPPဖော်ပြချက်အရ သိရသည်။
ဇူလိုင်လ (၁)လအတွင်းစစ်ကောင်စီ၏လက်နက်
ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂၇)ဦးသေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်းသေဆုံးမှုအများဆုံးဟု သိရသည်။
အထက်ပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ လက်လှမ်းမှီသမျှ ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားသည့်အရေအတွက်မှာ ပိုမိုများပြားနိုင်သည်ဟု ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *