ခမ်းသားငေါဝ်း
ဩဂုတ် ၂၊၂၀၂၃
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ)ပြည်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု (၃၇၅) ဦးအထိရှိပြီဖြစ်ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု Progressive Karenni People Force(PKPF)၏ ထုတ်ပြန်ချက် အရသိရသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ(၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့အထိ နှစ်နှစ်ခွဲကျော်အတွင်း ကရင်နီပြည်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် အရပ်သားပြည်သူ သေဆုံးသူဦးရေ (၃၇၅)ဦးရှိပြီး စစ်ရှောင်နေစဥ်သေဆုံးသွားခဲ့ရသည့်ပြည်သူ (၁၄၁)ဦး နှင့် ‌ကျဆုံးခဲ့သည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (၃၁၀)ဦးရှိကြောင်း PKPF ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားမှု (၇၆၆)ကြိမ်၊ လေကြောင်းဖြင့်တိုက်ခိုက်ခံရမှု (၅၇၂)ကြိမ်၊ ပျက်စီးသွားသည့် ဘာသာရေးအဆောက်အအုံ (၃၉)လုံး၊ ပျက်စီးခဲ့သည့်လူနေအိမ် (၁၆၃၉)လုံး၊ သေဆုံးသွားသည့် စစ်ကောင်စီတပ်သား (၂၂၃၀)ဦး၊ ပျက်စီးသည့် စစ်ကောင်စီတပ်ယာဥ် (၆၄)စီးနှင့် မတရားဖမ်းစီးခံရသူ (၁၉၆) ဦးရှိကြောင်း PKPFက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *