ခမ်းသားငေါဝ်း
ဩဂုတ် ၃၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ရှိဆေးဆိုင်များတွင် အခြေခံအိမ်သုံးဆေးဝါးများ ဈေးတက်သဖြင့် ဒေသခံများအခက်အခဲ ကြုံတွေ့နေရကြောင်း ဩဂုတ်လ ၃ ရက်နေ့တွင် သိရသည်။
‌ပင်လောင်းဒေသတွင် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူသယ်ဆောင်ခွင့်ရှိ၍ ယခုအခါ အိမ်သုံးဆေးများသည် ယခင်ဈေးထက် သုံးဆနီးပါး ဈေးနှုန်းပိုမိုတက်လာခြင်းကြောင့် အ ခြေခံလူတန်းစားများအတွက် အခက်ခဲဖြစ်စေ ကြောင်းသိရသည်။
” ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျွန်မ အမေက ရောဂါအခံရှိတော့ ဆေးတွေတစ်လစာ ဝယ်ထားရတယ်။ အရင်တစ်လက သုံးသောင်းလောက်ကျတဲ့ဟာကို အခုတော့ ရှစ်သောင်း လောက်ကျသွားတယ်။ နှစ်ဆကျော် ဈေးတက်သွားတယ်။ မဖြစ်မနေ လိုအပ်နေတာမို့ ဈေးကြီးလည်း ဝယ်ရတယ်။ အရမ်းဒုက္ခ ရောက်ရတယ်။ ကိုယ့်ဝင်ငွေကျတော့ တိုးမလာဘဲ ကုန်ဈေး နှုန်း‌ တွေကဘဲ ဈေးတက်နေတယ်”ဟု ပင်လောင်း ဒေသခံတစ်ဦးက ပြောသည်။
ဆေးဝါးများသည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းထုတ်လုပ်မှု အနည်းငယ်သာရှိပြီး အများစုမှာ နိုင်ငံခြားမှ တင်သွင်းရသဖြင့် ယခုအခါတွင် မြန်မာ ငွေ‌ကြေးတန်ဖိုးကျပြီး ဒေါ်လာဈေးမြင့်တက်လာ သည်နှင့်အမျှ လူသုံးကုန်များ၊ ဆေးဝါးများလည်း ဈေးနှုန်း အဆမတန်မြင့်တက်ရခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *