ခမ်းသားငေါဝ်း
ဩဂုတ် ၅၊၂၀၂၃
ထိုင်းနိုင်ငံ မြဝတီ-မဲဆောက်နယ်စပ်ဘက်တွင် ကုန်စိမ်းတင်ဆောင်လာသည့် ကုန်တင်ကားကြီးထဲတွင် မြန်မာနိုင်ငံသား ၅၂ဦး ဖမ်းဆီးမိကြောင်း သတင်းရရှိရသည်၊၊
ဖြစ်စဥ်သည် ထိုင်းနိုင်ငံ တာ့က်ခရိုင်ရှိ မဲဆောက်မြို့အထွက်တွင် အသီးအရွက်ကားထဲ၌ ပုန်းအောင်းလိုက်ပါလာ၍ သြဂုတ် ၃ ရက်ည ၉ နာရီအချိန်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့အထွက် ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်တွင် ၆ ဘီးကားဖြင့် တင်ဆောင်လာသည့် ကုန်စိမ်းကားကို စစ်ဆေးရာ တရားမ၀င် မြန်မာလုပ်သားကို ရှာဖွေတွေ့ရှိသည်ဟု ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်၊၊
ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများကို စစ်ဆေးရာ မြဝတီမြို့မှတဆင့် သောင်ရင်းမြစ်အားဖြတ်ကူး၍ ဝင်ရောက်လာသူများနှင့်မြဝတီ-မဲဆောက်ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှ ယာယီနယ်စပ်ဖြတ်သန်းခွင့် ၇ ရက်လက်မှတ်ပြုလုပ်၍ ဝင်ရောက်လာသူများဖြစ်ပြီး ထိုင်းနိုင်ငံ၌ အလုပ်လုပ် ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် (၂၀၀၀၀) စီပေးချေခဲ့ရကြောင်း မဲဆောက်သတင်းဌာနမှ သိရှိရသည်၊၊
နယ်စပ်ဖြတ်ကျော် အလည်ပတ် Border Pass စာအုပ် ကိုင်ဆောင်ထားသူ ၃၂ ဦး နှင့် စာရွက် စာတမ်းမရှိသူ ၂၀ ဦး ဖြင့် စစ်ဆေးတွေ့ရှိရာ မဲ့ဆောက်ရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားကြောင်းဆိုသည်၊၊
ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူရန် မဲဆောက်ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မြန်မာမှာ စားစရာအခက်တွေ့ ဘဝတက်လမ်းပျောက်၊ စီးပွါးအဆင်မပြေဘူး လွတ်တဲ့သူကလွတ်တုန်း ကုသိုလ်ကံတစ်ခုတည်းနဲ့ နေမထူး အခြေအနေမို့ ပိုပြီးတက်လာကြတာပေါ့ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့လာရတယ် ခုလိုအဖမ်းခံထိတာမြင်ရတော့ စိတ်မကောင်းဘူး”ဟု ရွေ့ပြောင်းမြန်မာနိုင်ငံသား တစ်ဦးကဆိုသည်၊၊
အသက် ၃၅အရွယ်အမျိုးသမီးတစ်ဦးကလည်း” အောက်လမ်းနဲ့လာတဲ့သူအများစုက လွယ်တယ်
အထောက်အထားမလို ခေါင်းမခြောက်ဘူး စဥ်းစားစရာမလို အထက်လမ်းက သွားလာမတတ် ပညာအသိဗဟုသုတ မလုံလောက်တာက ပိုက်ဆံပိုကုန်မယ်ဆိုးတာရယ်။ တရားဝင်လမ်းနဲ့ရွေးချယ်ပြန်တော့လည်း ပွဲစားတွေလိမ်တာခံရပြန်တယ် ပြောရရင် အထက်လမ်းက လာတဲ့နည်းလမ်းက လက်ရှိမှာမရှိသလောက်နည်းတယ်”ဟု ပြောသည်၊၊
ယခုအချိန်ထိ နိုင်ငံရေးမတည်ငြိမ်သေးသည့်အပြင် အခြေခံစားသောက်ကုန် နေ့စဥ်နှင့်အမျှ စျေးတက်နေသကဲ့သို့ စားဝတ်နေရေး စီးပွားရေး ပညာရေး အဘက်ဘက်မှ အဆင်မပြေမှုကြောင့် နိုင်ငံခြားထွက်ရန် ပိုမိုရွေးချယ်ကြကြောင်း သိရသည်၊၊
Photo-Maesot