ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၃
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
-IEC မှပြည်သူ့ဝန်ဆောင်မှုနှင့်ပြည်သူ့လုံခြုံရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် ဌာန ၁၂ ခုကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အထောက်အကူပြုဌာန ၁၂ ခုအနက် ဦးစားပေးဌာနအဖြစ် ၇ ခုကိုစတင်ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် IEC မှအသိပေးကြေညာထားပါသည်။
ဦးစားပေးဌာန ၇ ခုတွင် ပညာရေးဌာန၊ ကျန်းမာ
ရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့်ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ကာကွယ်ရေးနှင့်လုံခြုံးရေးဌာန၊ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန၊စီမံကိန်းဘဏ္ဍရေးနှင့်အခွန်ဌာန တို့ပါဝင်သည်။
ဦးစားပေးလုပ်ငန်းစဥ်များအပြင် ပြည်သူများ
၏အခြေခံလိုအပ်ချက်များဖြစ်သည့် ပညာသင်ကြားနိုင်ရေး၊ အခြေ ခံကျန်းမာရေးဆောင်ရွက်မှုလက်လှမ်းမှီရေး၊အရေးပေါ်ရိက္ခာများရရှိနိုင်ရေး
၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးအ
တွက် ကရင်နီပြည်ရဲ(KSP)စုဖွဲ့ဆောင်ရွက်ခြင်း၊ တရားစီရင်ရေးနှင့် တရားရုံးများတည်ထောင်ခြင်း၊အဆင့်ဆင့်သော ကရင်နီအထွေထွေအုပ်ချုပ်ရေး ဌာနဖွဲ့စည်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ချက် ရှိကြောင်း ဖော်ပြထားပါသည်။
အဆိုပါလုပ်ငန်းစဥ်အား အကောင်ထည်ဖော်ရာတွင် သက်ဆိုင်ရာဌာနမှ အင်အားစုများ၊ပညာရှင်များ၊အလှူရှင်များ၊တော်လှန်ရေးအင်အားစုများ၊ KSCC၊NUG တို့နှင့်လည်းချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ဟုပြောဆိုထားသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင်အဖွဲ့ဝင် ၆ ဦးဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး ရပ်တည်ချက် ၅ ရပ်ဖြင့်အကော်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PPV 010