ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၃
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်စျေးနှုန်းတည်ငြိမ်စေရန်နှင့်အခြေခံပြည်သူများစားသုံးနိုင်စေရန်တွက်သက်သာသောစျေးနှုန်းဖြင့်အရန်ဆန် အိတ်များထပ်မံရောင်းချပေးသော်လည်း ဆန်စျေးများဆက်လက်မြင့်တက်နေကြောင်းသိရသည်။
လက်ရှိဆန်စျေးကွက်တွင် တည်ငြိမ်မှုမရှိဘဲ ပို၍ပင်မြင့်တက်လာကြောင်းဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုပါသည်။
” အရင်ကနဲ့စာရင် တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ အထိတက်သွားတယ်။ ကိုယ်ကဝယ်စျေးနဲ့ပြန်ရောင်းပေးလိုက်ရင်လည်း တစ်ဖက်ကရန်ကုန် ကုန်စည်ဒိုင်စျေးက ပြန်တက်သွားပြီ၊ကိုယ်အနေနဲ့ဘယ်လိုခန့်မှန်းပြီးရောင်းရမလဲမသိဘူး၊ အခက်အ ခဲတော့ရှိတာပေါ့၊ ဝယ်သူတွေလည်းစျေးတက်တော့ ဝယ်စားရတာအဆင်မပြေတာတွေရှိတာပေါ့” ဟုဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
လက်ရှိရန်ကုန် ကုန်စည်ဒိုင်အထိုင်စျေးသည် ရွှေဘိုဆန်တစ်အိတ် (၁၂၅၀၀၀)ကျပ် မှ (၁၃၅၀၀၀)ကျပ်၊ ဧရာဝတီ ပေါ်ဆန်းဆန်တစ်အိတ် (၉၉၀၀၀)ကျပ်မှ (၁၀၂၀၀၀)ကျပ်၊ ဧည့်မထ(၁၀ရာခိုင်းနှုန်း)စားဆန်တစ်အိတ်ကို (၆၇၀၀၀)ကျပ်၊ ဧည့်မဆန်(၂၅ရာခိုင် နှုန်း) စားဆန်တစ်အိတ်(၆၃၀၀၀)ကျပ်စျေးပေါက်နေ ကြောင်း သိရသည်။
အရင်တပတ်ကဆန်စျေးနှုန်ထက်တအိတ်ကို ၅၀၀၀ ဝန်းကျင်စျေးမြင့်တက်သွားကြောင်းသိရသည်။
ဆန်စပါးအသင်းချုပ်မှ ဧည့်မထဆန်အိတ်ရေ(၅၀,၀၀၀)အပြင် ဧည့်မထ/ရက် (၉၀) စသည့်ဆန်အိတ်ရေ (၁၀၀,၀၀၀)နှင့် ပေါ်ဆန်းမျိုးစုံအိတ်ရေ(၂၀,၀၀၀)၊စုစုပေါင်းဆန်မျိုးစုံအိတ်ကြီး (၂၄)
ပြည်အိတ်ရေ(၁၇၀၀၀၀)ကို ဩဂုတ်လအတွင်း စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိ
ပေးပြောကြား ထားသည်။
ယခုနှစ်ဩဂုတ်လမှစတင်ကာ နောက်လ စက်
တင်ဘာလအထိ(၂)လတာအတွင်း ဆန်စျေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေ ခံပြည်သူများအတွက် အရည်အသွေးမှန်သောဆန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးမည်ဟုလည်းအသိပေးထားကြောင်းသိရသည်။
#PPV 010

Leave a Reply

Your email address will not be published. Required fields are marked *