ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၅၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုရှိ အင်းကြီးကျေးရွဘုန်းကြီးကျောင်း တွင် PDF အပါအဝင် တော်လှန်ရေးပြုလုပ်နေသူများကို တွေ့ရှိပါက အကြောင်းကြားသတင်းပေးကြရန် စစ်ကောင်စီနှင့် လက်အောက်ခံများက အစည်းအဝေးခေါ်ပြောခဲ့ကြောင်း သိရှိရပါသည်။
အစည်းအဝေးပွဲကို ဇွန်လိုင်လ ၂၄ ရက်နေ့တွင် ​ပြုလုပ်ခဲ့ပြီး အနီးအနားရှိကျေးရွာများမှ လူဦးရေ တစ်ရာကျော်တက်ရောက်ခဲ့ကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရပါသည်။
” လာဟောပြောတာက စစ်သားတွေလည်းပါတယ် သူတို့က အရာရှိကော ပျူစောထီးတွေကော၊ အပြင်မှာ စစ်သားတွေကလုံခြုံရေးယူထားတယ်၊ pdf တွေ့ရင်ဖုန်းဆက်သတင်းပေးကြဖို့နဲ့ ဖုန်းဆက်ပြောပေးတဲ့လူတွေကိုလည်း သိုဝှက်ထားပေးမယ် ”ဟု ထိုတွေ့ဆုံမှုကို တက်ရောက်ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
အစည်းအဝေးပွဲကို ကျေးရွာခြောက်အုပ်စုမှ ကျေးရွာသူ ကျေးရွာသားများတက်ရောက်ခဲ့ကြပြီး ၈၈ ကျောင်းသားမျိုးဆက်မိဘများလည်းပါဝင်ခဲ့ကြောင်း ၄င်းကဆက်ပြောပါသည်။
ယင်းကျေးရွာအုပ်စုများတွင် တော်လှန်ရေးအင်အားစုထဲ ပါဝင်သူများမရှိသည့်အခြေအနေကို စစ်ကောက်စီ နှင့် လက်အောက်ခံသက်ဆိုင်ရာများက အခွင့်ကောင်းယူပြီး ယခုကဲ့သို့လာရောက်ဟောပြောခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *