ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၇၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ပိုင်း‌ဒေသရှိ ကျေးရွာများတွင် ဒေသခံများကို ဒေသခံပြည်သူ့စစ်အဖွဲ့က စစ်သားအတင်းအဓမ္မစုဆောင်းမှုများရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဒေသခံပြည်သူ့စစ်အဖွဲ့သည် ကျေးရွာတစ်ရွာတွင်လူ ၄ ယောက် ပေးရမည်ဖြစ်ပြီး မပေးသည့်ကျေးရွာများကို ကျေးရွာထဲရှိအိမ်များအား တစ်အိမ်သုံးသောင်းအထက် ကောက်ခံလျက်ရှိကြောင်း သိရသည်။
“PNO ပြည်သူ့စစ်က လတိုင်း လူလာတောင်းတယ် ကျွန် တော်တို့ နန်းတုတ် ကျေးရွာအုပ်စုက ဘယ်သူမှ မသွားချင်လို့ ပိုက်ဆံလတိုင်းပေးရတယ်။ တစ်လနဲ့တစ်လ ပေးရတာလည်း မတူဘူး။ လတိုင်းပါဘဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ပင်လောင်းမြို့နယ်ရှိ ဒေသခံပြည်သူစစ်အဖွဲ့သည် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးပြီး ငွေဖြင့် ပြန်ရွေးခိုင်းသည့် ဖြစ်စဉ်များလည်း လတိုင်းလုပ် ဆောင်နေကြောင်း ၎င်းက ဆက်ပြောကြားသည်။
အဆိုပါကိစွ နှင့် ပက်သက်ပြီး PNO တာဝန်ရှိသူများကို ခမ်းသားငေါဝ်းကဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ပင်လောင်းဒေသတွင် ယခု ၂၀၂၃ ခုနှစ်အတွင်း PNO ပြည်သူ့စစ်က ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံမှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *