ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၉၊၂၀၂၃
ဓနုလူငယ်များနှင့် ဒေသတွင်းရှိပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ​စုပေါင်း၍ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်ဒေသအခြေစိုက်တစ်နေရာတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ဇူလိုင်လ၂၉ ရက်နေ့တွင် ထုတ်ပြန်အသိ‌ပေးပါသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ဘုံရန်သူစစ်ကောင်စီအုပ်စုကို အမြစ်ဖြတ်ချေမှုန်းရန် နှင့် ဘုံရည်မှန်းချက်တူညီသည့် မည်သည့်အဖွဲ့အစည်းမဆိုပူးပေါင်းတော်လှန်သွားမည်​ဖြစ်ကြောင်းဆိုပါသည်။
” ဓနုဒေသအတွင်းရှိိပြည်သူ့မျက်နှာကိုအဓိကထားပြီး ရှေ့ဆက်လုပ်ငန်းစဥ်များဆောင်ရွက်​မယ် ၊ အာဏာသိမ်းပြီးကတည်းက ဓနုလူမျိုးစုတပ်မတော်မဖြစ်မနေလိုအပ်တာကြောင့် ကျွန်တော်တို့ ဓနုလူငယ်​တွေစုပေါင်းပြီး တည်ထောင်ဖြစ်တယ်”လို့ DPLF တာဝန်ရှိိသူတစ်ဦး​က ခမ်းသားငေါဝ်းကိုပြောပါသည်။
Danu People’s Liberation Front (DPLF /DPLA) ဦးတည်ချက်များမှာ ဓနုတစ်မျိုးသားလုံးနှင့် ဒေသတွင်းအတူနေ ညီနောင်တိုင်းရင်းသားအားလုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကို အာမခံသည့် ဓနုပြည်နယ်တည်ဆောက်ရေး ၊အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည် ဆောက်ရေးတို့ပါဝင်ပါသည်။
ဓနုအမျိုးသားနယ်မြေနှင့် အတူနေညီနောင်တိုင်းရင်းသားများအပါအဝင် ဓနုလူထုအားလုံးကာကွယ်စောက်ရှောက်ရန် ၊ စစ်အာဏာရှင်စနစ်၊မဟာလူမျိုးကြီးဝါဒနှင့် ကျဥ်းမြောင်းသောအမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန်၊ဓနုတိုင်းရင်းသားများစည်းလုံးညီညွတ်မှုကိုအခြေခံ၍
လောကပါလတရားပိုမိုထွန်းကားသော လူ့ဘောင်အသိုင်းအဝိုင်းကို တည်ဆောက်ရန်နှင့် ဓနုတိုင်းရင်းသားရိုးရာယဥ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းအစဥ်အလာများကို ထိမ်းသိမ်းဖော်ထုတ်ရန်စသည့်ရည်ရွယ်ချက်များ ပါရှိပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပင်းတယ ၊ရွာငံ နှစ်မြို့နယ်အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ခဲ့သော်လည်း အမည်ခံအခွင့်အရေး သာဖြစ်ပြီး အဓိကအရေးပါသည့် လုပ်ပိုင်ခွင့်အား မြန်မာ့စစ်တပ်မှချုပ်ကိုင်ချယ်လှယ်ခဲ့ပါသည်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ အာဏာသိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် မိဘပြည်သူများကို မတရားဖမ်းဆီးနိပ်စက်ခြင်း၊ ထောင်ချခြင်း၊ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းခြင်း၊လုယူဖျက်ဆီးခြင်း၊မတရားပုဒ်မတပ်ဖမ်းဆီးခြင်းများခံခဲ့ကြရပါသည်။
ထိုမှတစ်ဆင့် စစ်အာဏာရှင်စနစ်ကျဆုံး၍ စစစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးတို့အတွက်၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( Danu People’s Liberation Front) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *