ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၈၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြိုနယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း ပြီးခဲ့သည် ဇွန်လ ၂၉ရက်နေ့တွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထိုအမူကို ဟိုပုံးခရိုင်တရားရုံးမှ ရုံးချိန်းဆင့်ခေါ်ပြီး အမှုစတင်စစ်ဆေးပြီဖြစ်ကြောင်း သိရသည်။
ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်တွင် နေထိုင်သည့် ၁၁ နှစ်အရွယ် အမျိုးသမီးကလေးငယ်အား တစ်ရပ်ကွက်တည်း နေထိုင်သူ ဦးထွန်အောင်က မုဒိန်းပြုကျင့်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထိုအမူကို ဟိုပုံးခရိုင်တရားရုံးမှ ပထမဆုံးအကြိမ်ရုံးချိန်းခေါ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
တရားရုံးမှ ပထမအကြိမ်ရုံးချိန်းတွင် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ၊ တရားလိုပြုသူဖြစ်သည့် အမျိုးသမီးကလေးငယ် နှင့် ကလေးမိဘတို့အား စစ်မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
“အခုမှ ပထမဆုံး ရုံးချိန်းဖြစ်တော့ လောလောဆယ်တော့ ဆုံးဖြတ်ချက်ဘယ်လိုကျမလဲမသိသေးဘူး။ ကျွန်တော်တို့ ခံရသူဘက် အနေနဲ့ဆိုရင် သူကို အနည်းဆုံးထောင်ဒဏ် နှစ်၂၀ ကျစေချင်တယ် “ ဟု ကလေးငယ်၏ဖခင်က ပြောသည်။
စွပ်စွဲခံရသူက ပြစ်မှုကျူးလွန်ကြောင်းဝန်ခံထွက်ဆိုပြီးဖြစ်သဖြင့် အဆိုပါအမှုသည် အခြေအနေကောင်းနိုင်ကြောင်း လိုက်ပါကူညီသူများက မှတ်ချက်ပြုကြသည်။
“ဒီလိုမျိုးကိစ္စဖြစ်ပြီးဆိုရင် အပြစ်ကျူးလွန်သူကို ထိထိရောက်ရောက်အရေးယူပေးစေချင်တယ် ထိထိရောက်ရောက်အရေးမယူရင် ပြန်လွတ်လာရင် အခြားသူမိသားစုတွေကိုပါ ထပ်ပြီးကျူးလွန်နိုင်တယ်။ ဒီလိုကိစ္စဖြစ်ရင် တားဆီသင့်တယ် အားလုံး ဝိုင်းဝန်းကူညီပေးဖို့လိုအပ်တယ်။” ဟု ကလေးဖခင်က ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် တရားဥပဒေစိုးမိုးမှုအားနည်းပြီး ဒုစရိုက်မှုများ၊ မူးယစ်းဆေးဝါးရောင်း ဝယ်သုံးစွဲမှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေကြောင်း သိရှိရပါသည်။