ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း တွင်
ဆန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ဆန်ကွဲနှင့်ဆန်ဝါစားသုံးရသည့် မိသားစုဝင်များရှိလာကြောင်း ဇူလိုင် ၃၁ ရက်နေ့တွင်သိရသည်။
အာဏာသိမ်းပြီး (၃)နီးပါးရှိလာချိန်၌ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်လာပြီး အခြေခံလူတန်းစား များအတွက် ဝမ်းစာဖြေရှင်းရာတွင် အခက်အခဲများရှိလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အရင်က ဆန်တစ်အိတ် ၃ သောင်း၄ သောင်း၊ အခု ၇ သောင်းအထက်ရှိပြီ၊ မိသားစုကများတယ်လေ ကလေးကျောင်းအတွက်လည်းရှိသေးတယ်၊ အဲတော့မဝယ်စားနိုင်တော့ဘူးလေ၊ ဆန်ကွဲပဲဝယ်စားရတော့တယ်၊ အခုဆိုဆန်ကွဲစျေးက ၅ သောင်းတောင်ရှိနေပြီ၊ အရင်ကဆို ၂ သောင်း ၃ သောင်းဝန်းကျင်ပဲ” ဟုဒေသခံတစ်ဦးက ပြောသည်။
ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ” ဆန်ကွဲ၊ဆန်လတ်ကျိုးတွေလာဝယ်တော့ မွေးမြူရေးအ တွက်လားလို့ မေးလိုက်မိတာ၊ မဟုတ်ဘူး စားဖို့လာဝယ်တာတဲ့၊ အားနာသွားတယ်၊ လုပ်အားခလည်း နည်း ကုန်စျေးနှုန်းတွေကတက်တက်လာ၊ နိုင်ငံရေးအခြေနေကမကောင်းတော့ အဆင်မပြေဖြစ်ကြတာများတာပေါ့၊ ဆန်ဟောင်းတွေထုတ်ရောင်း ဆန်သစ်တင်မယ်ဆိုတော့ စျေးကခေါင်ခိုက်နေပြီ၊ ဘယ်လိုဆက်လုပ်ရမလဲမသိတော့ဘူး” ဟုဆိုပါသည်။
လက်ရှိဆန်စျေးကွက်အတွင်း အနိမ့်ဆုံးဆန် တစ်အိတ်ကို ၆၇၀၀၀ကျပ်အထိရှိနေပြီးလက်လီစျေးကွက်တွင် အနိမ့်ဆုံးဆန် ၁ ပြည်ကို ၃၂၀၀ ကျပ်မှစတင်ရောင်းချနေကြောင်းသိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ကဆန်စပါးစျေးကွက်တည်ငြိမ်စေရန် အရံစုဆောင်းထားသည့် ဆန်အိတ်ရေ ၅၀၀၀၀ ကိုမကြာမှီထုတ်ရောင်းသွားမည်ဟု ဇူလိုင် ၂၈ ရက်နေ့မှာထုတ်ပြန်ထား သည်။
ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ဆန်စျေးတအိတ်ကို ၃၀၀၀ ကျပ်ထိတက်သွားကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *