ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာရှိ ကရင်နီဖက်မှစစ်ဘေးတိမ်းရှောင်လာသည့် အိမ်ထောင်စု ၄၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဖြင့် PNLO မှတဆင့်အကူညီရရှိကြောင်း ဇူလိုင် ၃၁ ရက်နေ့တွင် သိရှိသည်။
လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန (AHA Center)က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှတစ်ဆင့် အကူအညီထောက်ပံ့ပေးပို့ခဲ့ကြောင်းသိရသည်။
” လူဦးရေနဲ့ဆိုရင် ၁၄၅၀ အတွက် ဆန်အိတ် ၄၀၀၊အသုံးအဆောင်ပစ္စည်းတစ်ချို့နဲ့ ကျန်းမာရေးဆေးဝါးတွေ စစ်ရှောင်တွေလက်ထဲအထိရောက်သွားပါပြီ နောက်ထပ်အကူအညီရဖို့လုပ်ဆောင်ပြင်ဆင်ထားတာရှိပါတယ် ” ဟု PNLO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှုးခွန်မင်းသိန်းက ပြောသည်။
ဇူလိုင်လ ၁၈ ရက်နေမှစ၍ စစ်ဘေးရှောင်ပြည်သူအတွက်အကူအညီပေးပို့ဆောင်ခဲ့သည်မှာ တစ်ရွာထဲအတွက်ဖြစ်ပြီး တစ်လစာအထောက်အပံ့ရရှိသွားကြောင်း ၄င်းကဆက်ပြောသည်။
ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်အတွင်းလာရောက်ခိုလှုံကြသည့် စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ငါး​​ထောင်ကျော် ရှိနေပြီး PNLO အနေဖြင့် အကူအညီပေးလို့ရသည့်နယ်ပယ်တွင် ကူညီဆောင်ရွက်ပေးနေကြောင်းသိရပါသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ကရင်နီပြည် တွင်ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေရကြောင်ူသိရသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *