Month: August 2023

ကွတ်ခိုင်သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းတပ် TNLA တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ တအာင်းပြည်နယ်၊ တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်မှာ အင်အားအလုံးအရင်းဖြင့် နမ့်ဖက်ကာမှ ကွတ်ခိုင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သြဂုတ်၂၆ ရက်နေ့ TNLA ထုတ်ပြန်ချက် အရ…

ကရင်နီပြည်ရဲဌာန ဖွဲ့စည်းပြီး ၂နှစ်အတွင်း ဒေသအမှုပေါင်း (၃၆၂) မှုအရေးယူဆောင်ရွက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ ကရင်နီပြည်နယ် ရဲဌာန (KSP)ဖွဲ့စည်းဆောင်ရွက်ပြီး ၂ နှစ်တာကာလတွင် ဒေသတွင်းအမှုပေါင်း (၃၆၂)မှု အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန ၂ နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။ ကရင်နီပြည်ရဲဌာန (KSP)အား ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၏ ကြပ်မတ်လမ်းညွှန်မှုဖြင့်…

တရားမဝင် နှစ်သောင်းတန်ငွေစက္ကူကို သုံးစွဲခြင်း မပြုရန် NUG တားမြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်အဖွဲ့မှ ပုဂ္ဂလိကဘဏ်များနှင့်ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများတွင် တရားမဝင် ၂၀၀၀၀ (နှစ်သောင်း)တန်ငွေစက္ကူကို သုံးစွဲခြင်းမပြုရန် NUG ကဩဂုတ်လ ၂၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအခန်း ၁၂ ပါရှိချက်အရ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာများအား…

တောင်ကြီးမြို့‌ပေါ်ရပ်ကွက်များတွင် မီတာခမဆောင်သည့်အိမ်များကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ မီတာဘောက် လိုက်ဖြုတ်သိမ်း ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မီတာခမ‌ပေးဆောင်သည့် အိမ်များကို စစ်ကောင်စီလက်အောက် ခံဝန်ထမ်းများက မီတာဘောက်များ လိုက်ဖြုတ်သိမ်း‌နေကြောင်း သိရှိရပါသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း မီတာဘောက်လိုက်လံဖြုတ်သိမ်းမှုများ ရှိနေပြီး အချို့ရပ်ကွက်များတွင် မီတာဘောက်အလုံး…

ဒီးမော့ဆိုအနောက်ဖက်ခြမ်းစစ်ရှောင်စခန်းတွင် စာသင်ဆောင်မလုံလောက်သည့်အတွက် နေအိမ်ထဲထိပါစာသင်ကြားနေရ

ခမ်းသားငေါဝ်း ဩဂုတ်လ၂၅၊၂၀၂၃ ကရင်နီ(ကယား)ပြည်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါနိုးကူးစစ်ရှောင်စခန်းတွင် စာသင်ဆောင်လုံလောက်မှုမရှိခြင်းကြောင့် စာသင်ကြားရန်အခက်အခဲရှိနေကြောင်း ဩဂုတ်လ ၂၅ ရက်နေ့တွင်သိရသည်။ စာသင်ဆောင်လုံလောက်မှု မရှိသည့်အတွက် စစ်ရှောင်ကလေးများကို လူနေအိမ်တွင် စသင်ကြားပေးနေရကြောင်းသိရသည်။ ” ကျနော်တို့ရွာက အထက်တန်းအထိစာသင်တာဆိုတော့ စာသင်ဆောင်လည်းမရှိဘူးလေ။ သူများနေအိမ်မှာသင်ရတာပေါ့၊…

ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲအား ရပ်ဝေး/ရပ်နီးမှ ပြည်သူများလာရောက်ဖူးမျှော်နိုင်ကြောင်း ဖိတ်ခေါ်

ခမ်းသားသငါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားရုပ်ရှင်တော်မြတ်ကြီးအား (၂၁)ဌာန ဒေသစာရီကြွချီပွဲကျင်းပမည်ဖြစ်ပြီး ရပ်ဝေး/ရပ်နီးမှပြည်သူများလာရောက်ဖူးမျှော်ကြရန် ဖိတ်ခေါ်ထားပါသည်။ နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် ဒေသစာရီကြွချီပွဲအား ရိုးရာမပျက်အစဥ်အလာထိန်းသိမ်းသည့်အနေဖြင့် ၃နှစ်ကြာမကျင်းပဖြစ်ရာမှ ယခုနှစ်တွင်ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ” ဒေသခံပြည်သူတွေကလည်း စိတ်ထဲပီတိဖြစ်တာပေါ့ဗျာ၊…

ပအိုဝ်းလူမျိုးများအတွက် စံပြပုဂ္ဂိုလ်တင်စားထိုက်သည့် ဖြားခွန်မောင်တုတ်ကွယ်လွန်

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ပအိုဝ်းလူမျိုး နှင့် ပအိုဝ်းလူငယ်များအတွက် စံပြပုဂ္ဂိုလ်အဖြစ် တင်စားထိုက်သည့် ပအိုဝ်းသမိုင်းသုတေသနပြုစုရေးသားသူ ဖြားခွန်မောင်တုတ် သည် ၂၀၂၃ ခုနှစ် သြဂုတ်လ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင်…

မျှားကလေးကျေးရွာနေထိုင်သူအမျိုးသား ၂ ဦးနေအိမ်အတွင်းအသတ်ခံရ၍ သေဆုံး

#ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ် #မျှားကလေးကျေးရွာ တွင် နေထိုင်သူ #အမျိုးသား ၂ ဦးအား နေအိမ်အတွင်း သြဂုတ်လ ၂၃ ရက်ညအချိန်တွင် #အသတ်ခံရ ၍ သေဆုံးနေကြောင်း စုံစမ်းသိရှိရပါသည်။ အသတ်ခံရသည့်ရွာသား…

ဖရူဆိုအရှေ့ဘက်ခြမ်းကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ဖရူဆိုအရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDFမှ ယနေ့သြဂုတ်၂၄တွင် ထုတ်ပြန်ထားသည်၊၊ စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့…

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ သေဆုံးမှု ၄၀၀၀ အထိမြင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးမှု (၄၀၀၀)ဦးအထိရှိလာကြောင်းနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်းAAPP ထုတ်ပြန်ချက် အရသိရသည်။ ၂၀၂၃ ခုနှစ်သြဂုတ် ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ(၂၄,၄၁၀)ဦး ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ…