ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၉၊၂၀၂၃
ညောင်ရွှေမြို့နယ် အင်းလေးဒေသတောင်းပိုင်းတွင် တစ်လနီးပါးကြာ မိုးမရွာသဖြင့် စိုက်ပျိုးထားသည့်ပြောင်းပင်များ ညိုးနွမ်းကုန်ပြီး ပြောင်းစိုက်ပျိုး‌ တောင်သူများ အခက်ခဲကြုံ‌ တွေ့နေရကြောင်း ဇူလိုင်လ ၁၉ ရက်နေ့က စုံစမ်းသိရှိရသည်၊၊
အချိန်တော်ကြာ မိုးမရွာသဖြင့် ပြောင်းစိုက်ပြီး အပင်မပေါက်သည့် ပြောင်းစိုက်ခင်းများလည်းရှိ နေကြောင်း၊ နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးရမည့်အခြေအနေတွင်ရှိကြောင်း ပြောင်းစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်၊၊
“ဒီဘက်ကမိုးမရွာတာ တစ်လလောက်တော့ရှိနေပြီ ပြောင်းပင်တွေလည်း ညိုးနွမ်းကုန်တယ် အချို့ကစိုက်ပြီး မိုးမမိတဲ့ခြံတွေဆို ဝေးဝေးတစ်ပင်ပဲပေါက်တယ် ပြန်စိုက်ရဖို့ရှိတယ်”ဟု ပြောင်းစိုက်တောင်သူ တစ်ဦးက ပြောသည်၊၊
ယခုအချိန်တွင် အများစုအားဖြင့် စိုက်ပျိုးပြီး ညိုးနွမ်းသည့်အပင်များသည် လက်တစ်တောင်ကျော်အပင်အရွယ် နှင့် တစ်ထွာခန်ရှိအပင်အရွယ် အများဆုံးဖြစ်ပြီး အပင်မပေါက်သည့် အခြေအနေများလည်းရှိကြောင်း သိရသည်၊၊
စံကားဒေသမှ စိုက်ပျိုးသူတစ်ဦးကလည်း “မိုးမရွာတာကြာပြီ အဲကြောင့်ပြောင်းပင်မပေါက်ဘူး နှစ်ခါစိုက်ရတယ် အရင်းနှစ်ခါကုန်တာပေါ့ အဲဒါကြောင့် ပြောင်းပေါ်ချိန် စျေးမိပါစေလို့ပဲဆု တောင်းရမယ် စျေးမမိရင် နှစ်ခါစိုက်ရတဲ့သူအတွက် တွက်ခြေမကိုက်နိုင်ဘူး”ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
ပြောင်းမျိုးစေ့သည် ပြီးခဲ့သည့် စိုက်ပျိုးချိန်တွင် မျိုးစေ့စျေးသည် ၈၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိပြီး ယခုချိန်တွင် တစ်သိန်းကျော်အထိရှိနေပြီ ဖြစ်ကြောင်းသိရသည်၊၊
“ဒီဘက်မှာက အဓိက 625 ၊621၊ 808အဲဒီမျိုးစေ့ကိုပိုစိုက်တယ် အဲဒီမျိုးစေ့မရှိရင်တောင် မြို့ပေါ်ထိသွားဝယ်ကြတယ် အခြားမျိုးစေ့စိုက်တဲ့သူကအနည်းအကျဥ်းပဲရှိတယ် “ဟု၎င်းကဆက်ပြောသည်၊၊
ထိုဒေသတွင်း အဓိကထားစိုက်ပျိုးသည့် မျိုးစေ့များသည် လက်ရှိဆိုင်အတော်များများတွင် မျိုးစေ့ပြတ်လပ်လျက်ရှိကြောင်း သိရသည်၊၊
လက်ရှိတွင် အချိန်တော်ကြာ မိုးမရွာခြင်းကြောင့် စိုက်ပျိုးတောင်သူများ စိတ်ပျက်ဖြစ်‌ရပြီး မိုးကောင်းရန်မျှော်လင့်လျက်ရှိကြောင်း၊ မိုးကောင်းမှသာလျှင် ပြောင်းထွက်ကောင်းမည်ဖြစ်ကြောင်းစိုက်ပျိုးတောင်သူများက ဆိုကြသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *