ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ကျေးရွာ ရောက် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိ‌နေကြောင်း ဇူလိူင်လ၂၀ ရက်နေ့တွင် သိရသည်။
ဗန်းမောက်ကျေးရွာရှိ စစ်ရှောင်များသည် သက်ကြီး ရွယ်အိုများ ကလေးငယ်များ ကိုယ်ဝန်ဆောင်က လေးမိခင်များ အများစုပါဝင်ပြီး စားနပ်ရိက္ခာ နှင့်မိုးကာအပြင် ဆေးဝါးများလည်း လိုအပ်လျက်ရှိ ကြောင်းသိရသည်။
“ကျွန်မ ဒီရောက်တာ လေးလရှိပြီ ဆန်လေးပြည်ဘဲ ရဖူးသေးတယ် အလှူရှင်လည်းမလာဘူး အလုပ်လည်းမရှိတော့ ဆန်ပြုတ် သောက်ရတဲ့အထိ ဖြစ်တယ်”ဟု စစ်ရှောင်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ရှောင်အရေး ကူညီနေသူတစ်ဦးကလည်း”အသစ်ရောက်လာတဲ့ မိုးဗြဲအဖွဲ့က မိုးကာမရှိတော့ မိသားစု ၃ ခု ၄ခု ပေါင်းပြီး နေရတယ်။ အလုပ်လည်းရှားဝင်ငွေမရှိတော့ သူတို့က အရမ်းခက်ခဲနေကြတာ “ဟု ခမ်းသားငေါဝ်းကို ပြောသည်။
ဗန်းမောက်စစ်ရှောင်စခန်းတွင် စစ်ရှောင်မိသားစု ၂၁၉ စုရှိကာ လှူဦးရေ ၇၃၀ ဦးရှိပြီး ကရင်နီပြည် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ နန်းမယ်ခုံမြိုနယ်၊ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်း တောင်ဖက် နမ်းနိန်းဒေသမှ ဒေသခံများဖြစ်ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *