ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့ တောင်ဖက်ရှိ ကျေးရွာအတော်တော်များများတွင် မိုးတွင်းကာလ သဘာဝပေါက်ပင် မြင်းခွာရွက်များ တရုတ်အဝယ်များက ဈေးကောင်းပေးဝယ်နေကြောင်း သိရှိရပါသည်။
ယခုအချိန်တွင် မြင်းခွာရွက် တစ်ပိဿာကို ၁၄၀၀၀ ကျပ်ရရှိပြီး ယခင်နှစ်များထက် ၃ ဆဈေးကောင်း ရရှိကြောင့် သိရှိရပါသည်။
“အရင်နှစ်ကဆိုရင် တစ်ပိဿာကို – ၄၀၀၀ ကျပ် ဘဲရှိတာ။ ဒီနှစ်ကျတော့ တစ်ပိဿာကို – ၁၄၀၀၀ ကျပ်ဈေးရှိတယ် မြင်းခွာရွက်ရှာတဲ့လူအများကြီးဘဲ အခုဆိုရင် ရွာအနီးအနားမှာ ရှာရင် မရှိတော့ဘူး။ အခြားတောထဲ ခြံထဲ သွားရှာရင်တော့ ရှိတယ်။ တစ်နေ့ကို တစ်ယောက်ဆို တစ်ပိဿာတော့ ကောင်းကောင်းရတယ်” ဟု မြင်းခွာရွက်ရှာသူတစ်ဦးက ပြောသည်။
မြင်းခွာရွက်ကို တရုတ်ကအများစုဝယ်ယူကြပြီး တရုတ်လူမျိုးများက မြင်းခွာရွက်သည် ဆေးဖက်ဝင် ကြောင်း ပြောဆိုကြသည်။
“တရုတ်တွေက ဝယ်ပြီး ဆေးဝါး‌ ဖော်သောက်တယ်လို့တော့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဝယ်လက်များသည် ရွာအထိလာရောက်ဝယ်ယူခြင်း သို့မဟုတ် မြင်းခွာရွက်ရှာဖွေသူကိုယ်တိုင်သွား ရောက် ရောင်းချခြင်းဖြင့် ရောင်းဝယ်ကြပြီး မြင်းခွာရွက်ကို အရွက်ခွာ၍ ကျန်ရှိမြင်းခွာရွက်၏ အကြော အရိုးများကို ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *