ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၀၊၂၀၂၃
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက် ပညာရေးကျောင်းများတွင် ကျောင်းဆရာ၊ဆရာမများ နှင့် ပညာရေးဆိုင်ရာ ကျောင်းသုံးစာအုပ်များ အလုံအလောက်ထောက်ပံ့ပေးနိုင်ခြင်းမရှိသဖြင့် သင်ကြားရေးတွင် ထိရောက်မှုမရှိတော့ကြောင်း ပြည်သူလူထုများက ဝေဖန်သုံးသပ်ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အ.ထ.က စံကားကျောင်းတွင် ယနေ့အထိ ကျောင်းသား‌ ကျောင်းသူများ ကျောင်းဖတ်စာအုပ်အစုံအလင်မရရှိကြသေးဘဲ ဖတ်စာအုပ်ရရန်ပိုက်ဆံပေးပြီး ပြန်ဝယ်နေရ‌ကြောင်း ယနေ့ဇူလိုင်လ (၂၀) ရက်နေ့တွင် သိရသည်။
ကျောင်းဖွင့်ချိန် နှစ်လနီးပါးရှိနေပြီဖြစ်သော်လည်းကျောင်းသား‌ ကျောင်းသူများက ယခုချိန်ထိ ကျောင်းသုံးဖတ်စာအုပ် မရရှိကြသေးဘဲ ဖတ်စာအုပ်ရရှိရန်အတွက် ကျောင်းသား‌ ကျောင်းသူများက ပြန်ဝယ်ရမည်ဖြစ်ပြီး ယခုဇူလိုင်လကုန်တွင် ဖတ်စာအုပ်မရရှိပါက စာသင်နှစ်တစ်နှစ်လုံးအတွက် ဖတ်စာအုပ်ရရှိတော့မည်မဟုတ်ကြောင်း‌ စံကားဒေသ ကျောင်းနေသူထံမှ သိရသည်။
“အခုဖတ်စာအုပ် အစုံအလင်ရတာ အတန်းတစ်တန်းမှာ ၃ယောက် ၄ယောက်လောက်ပဲရှိတယ်။ အဲ့တာတောင်မှ မဲနိုက်ပြီးမှရတာ၊ မရတဲ့သေးတဲ့လူက အခုဆရာမက ဖတ်စာအုပ်ဝယ်ဖို့ဆိုပြီးအကုန်လုံးကို တစ်ယောက် တစ်သောင်းခွဲကောက်တယ်။ ဆရာမတော့ ဖတ်စာအုပ်အတွက် မှာထားပြီးပြီလို့တော့ပြောတယ်။ အကယ်လို့ ဒီလကုန်ထိစောင့်လို့ စာအုပ်ရောက်မလာရင် မရတော့ဘူးလို့ ဆရာမပြောတာပဲ” ဟု စံကား‌ကျောင်းနေသူတစ်ဦးက ပြောပါသည်။
ကျောင်းသုံးဖတ်စာအုပ် ရရှိနိုင်မှုအခြေအနေနှင်အခက်အခဲများကို သိရှိနိုင် အ.ထ.က စံကားကျောင်းကို ခမ်းသားငေါဝ်းက ဆက်သွယ်မေးမြန်း‌ ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
စစ်တပ်အာဏာမသိမ်းခင် ပညာသင်နှစ်များတွင် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဖတ်စာအုပ်များကို နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံပေးလျက်ရှိပြီး၊ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ကျောင်းသုံးဖတ်စာအုပ်များ အလုံအလောက် ထောက်ပံပေးခြင်းမရှိပဲ ပြန်ဝယ်နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *