ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၃
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- PNFC ၏ဦးဆောင်မှုအောက်ရှိ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် PPDF(KD)နှင့် PNDF(KK)တို့သည် အမျိုးသားရေးတွဲလက်ညီညီ ပူးပေါင်းဆောင်ရွက်လိုသူများ လက်တွဲပါဝင်နိုင်ကြောင်း ဇူလိုင်(၁၅)ရက်နေ့က ဖိတ်ခေါ်ပြောဆို ထားသည်။
ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ် (၃)ခု အင်အားကောင်းလာရန် စိတ်ဝင်စားသည့် ပအိုဝ်းလူငယ်များလာရောက်ပူးပေါင်းရန် တပ်သားသစ်ခေါ်ယူခဲ့​ခြင်းဖြစ်ကြောင်းသိရသည်။
” စစ်အာဏာရှင်တော်လှန်ရေးမှာ စိတ်တူကိုယ်တူ၊ပန်းတိုင်တူတဲ့မည်သူမဆို ပါဝင်နိုင်တယ်၊ နိုင်ငံရေးဆိုင်ရာ ဦးဆောင်မှုလည်းရှိတယ်၊ မဟာမိတ်တွေနဲ့ လည်း တော်လှန်ရေးမှာပူးပေါင်းပြီး အာဏာရှင်ကျရှုံးရေးအတွက် လူငယ်အင်အားစုတွေ စုစည်းဖို့လိုတယ်” ဟု PNDF-KK ပြန်ကြားရေးတာဝန်ခံ ခွန်ဘင်ဂျမင်က ပြောသည်။
နွေဦးတော်လှန်ရေးနှင့် ပအိုဝ်းအမျိုးသားရေးအတွက် အားတက်သရောပေးဆပ်ပြီး လုပ်နိုင်သူများအား ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပြီး ရပ်တည်ချက်အပေါ်မူတည်၍ ကန့်သတ်ချက်များရှိမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ကနဦးဖွဲ့စည်းပုံအရ တပ်နယ်(၁)သထုံ ခမ်းဒွမ်၊တပ်နယ်(၂) ဘားအံခရိုင် ခမ်းဒွမ်၊တပ်နယ်(၃) ရှမ်းပြည်နယ် ခမ်းကောင်ဟူ၍တပ်နယ် ၃ နယ်ဖြင့်စတင်ဖွဲ့စည်းထားကြောင်း သိရသည်။
လက်ရှိတွင် PNDFနှင့် PPDF သည် သထုံ၊ဘားအံ ဘက်ရှိကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပြီး ရှမ်းတောင်ကရင်
နီနယ်စပ်တွင်လည်း ကရင်နီပူးပေါင်းတပ်များနှင့် ပူးပေါင်းကာ စစ်ဆင်ရေးများလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
#PPV 010

Leave a Reply

Your email address will not be published. Required fields are marked *