ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၈၊၂၀၂၃
ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းနှင့် ရှမ်းတောင်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဆန်ပြတ်လတ်လျက်ရှိသည့် စစ်ရှောင်များကို စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဒီမော့ဆို နှင့်ဖယ်ခုံ (၂)မြို့နယ်အတွင်း စစ်ရှောင်စခန်း(၄)နေရာအား သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်ဦးရေ ၇၀၀ နီးပါးရှိကြောင်း သိရသည်။
” စစ်ရှောင်စခန်းတိုင်းလိုလိုတော့ လိုအပ်တာပေါ့ နော၊ အဓိကလိုအပ်တာက ဆန်လိုတာ၊ ပြီးတော့မိုးရာသီဆိုတော့ မိုးကာတို့၊ ဖိနပ်တို့၊ အနွေးထည်တို့၊ တုပ်ကွေးဖြစ်တာတွေများလာတော့ ခြင်ထောင်တွေလည်း လိုတာပေါ့” ဟု စောင့်ရှောက်ရေးကွန်ရက်တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ရိက္ခာပြတ်လပ်လျက်ရှိသည့်စစ်ရှောင်များက အသိမိတ်များထံမှ ချေးငှားစားသောက်နေရပြီး ရံဖန်ရံခါအလှူရှင်ထောက်ပံ့မှုဖြင့် ဖြေရှင်းနေရကြောင်း သိရသည်။
” ကျနော်တို့က လုံလုံလောက်လောက်တော့ မထောက်ပံ့နိုင်ဘူးပေါ့ဗျာ၊ကုန်စျေးနှုန်းတွေကလည်းမြင့်လာတော့ ရိက္ခာတွေလည်းလုံလုံလောက်လောက် မဝယ်နိုင်ဘူး၊လုံးဝပြတ်သွားတဲ့လူစာရင်းတွေလုပ်ပြီး ဝေငှရတာပေါ့၊ ဆန် ဆီ ကြက်ဥ အစာခြောက် တို့ပါတယ်”လို့၎င်းကဆက်ပြောသည်။
လက်ရှိကရင်နီပြည်တွင် စစ်ကောင်စီ၏ ကားလမ်းပိတ်ဆို့စစ်ဆေးမှုကြောင့် စစ်ရှောင်များအ
တွက်ရိက္ခာသယ်ယူရာတွင် အခက်အခဲများရှိနေကြောင်း သိရသည်။
ကုန်စျေးနှုန်းများအဆမတန်မြင့်တက်မှုကြောင့် ရည်ရွယ်ထားသည့်အတိုင်း ထောက်ပံမှုများ မလုပ်နိုင်ခြင်း၊ အလှူရှင်ရှားပါးခြင်းကြောင့် စစ်ရှောင်များအနေဖြင့် ခက်ခဲစွာရှင်သန်နေရကြောင်း သိရသည်။
ပြည်တွင်း၊ပြည်ပအလှူရှင်များ၊ ကူညီထောက်
ပံ့ပေးနိုင်သည့်လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်းကူညီဆောင်ရွက်ပေးကြရန် ဖိတ်ခေါ်ထားပါသည်။