ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၁၊၂၀၂၃
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ဇူလိုင် ၁၀ ရက်နေ့အထိ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် သေဆုံးသည့်အရပ်သားပြည်သူ (၃၇၇၀) ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။
AAPP ထုတ်ပြန်ချက်အရအာဏာသိမ်းပြီး(၂)နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏မတရားဖမ်းဆီးခံရသူ(၂၃၇၈၄) ဦးအထိရှိပြီး ထောင်ဒဏ်ချမှတ်ခံရသူ(၆၇၀၅)ဦး ရှိကြောင်း သိရသည်။
အကျဥ်းထောင်အတွင်း သေဒဏ်ချမှတ်ခံရသူ (၁၁၅)ဦးနှင့် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ (၄၃)ဦးရှိပြီး သေဒဏ်ချမှတ်ခံရသူ(၁၅၈)ဦး အထိရှိကြောင်း သိရသည်။
ယင်းအပြင် ဖမ်းဆီးခံထားရသူများထဲမှ (၁၂၂)ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံရသူ (၁၉၄၁၃)ဦးရှိနေသေးကြောင်း AAPP ထုတ်ပြန်ချက်အရသိရသည်။
အာဏာသိမ်းပြီး ရက်ပေါင်း(၈၉၀)အတွင်း ကျဆုံးခဲ့သူ (၃၇၇၀)ဦးအထိရှိနေပြီး ပြန်လည်လွတ်မြောက်လာသူ (၄၃၇၁)ဦးရှိကြောင်း သိရသည်။
အထက်ပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ လက်လှမ်းမှီသမျှ ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားသည့်အရေအတွက်မှာ ပိုမိုများပြားနိုင်သည်ဟု ဆိုထားပါသည်။
စစ်ကောင်စီတပ်၏ တော်လှန်ရေးကာလအတွင်း နယ်ပယ်အသီးသီးမှ မည်သူကိုမဆို ဖမ်းဆီး၊ထိန်းသိမ်း၊တရားစွဲဆိုခံထားရခြင်းများနှင့် ကျဆုံးသူများ၏သတင်းအချက်လက်များ သိရှိပါက AAPPအဖွဲ့ထံ ဆက်သွယ်အသိပေးအ
ကြောင်းကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *