ခမ်းသားငေါဝ်း
ဇူလိုင်လ ၆၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဘေးအန္တရာယ်ရှိသည့်ကုန်ပစ္စည်းများနှင့်သတ်မှတ်ချက် မကိုက်ညီသောကုန်ပစ္စည်းများကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့မှ ယနေ့ဇူလိုင် ၆ ရက်တွင် သတိပေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လမှ ယခုလ ၆ ရက်နေ့အထိ တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့် Market များ စုပေါင်း ၅ ဆိုင်ထံ အကြောင်းကြားစာကြိုတင်ပေးပို့ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်ပစ္စည်းများ၊ အမျိုးအစားလိုက်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်များနှင့် ဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းများကို စစ်ဆေးကာ ပထမအကြိမ် သတိပေးသိမ်းဆည်းခဲ့ကြောင်းထုတ်ပြန်ချက် အရသိရသည်။
စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ ကုန်
စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်ပစ္စည်းများကို စျေးကွက်အတွင်းဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ပြီး ထပ်မံတွေ့ရှိပါက ပိုမိုထိရောက်သည့်သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
စားသုံးသူပြည်သူများ ကုန်စည် နှင့်ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး၊ ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်စားသုံးသူများထံ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ပုံ-စားသုံသူရေးရာ

Leave a Reply

Your email address will not be published. Required fields are marked *