ခမ်းသားငေါဝ်း
ဇူလိုင် ၁၀၊၂၀၂၃
ကယား(ကရင်နီပြည်) လွိုင်ကော်မြို့တွင်ကလေးငယ်များသွေးလွန်တုပ်ကွေးအဖြစ်များနေပြီး သေဆုံးသူများလည်းရှိကြောင်း ဇူလိုင် ၁၀ ရက်နေ့က ကျေးလက်ဆရာဝန်တစ်ဦးထံမှ သိရသည်။
” ၁၅နှစ်အောက်ကလေးမှာ အဖြစ်များတာတွေ့ရတယ်၊လူကြီးတွေလည်းဖြစ်တယ်၊ရောဂါပိုးရှိတဲ့လူကိုကိုက်ထားတဲ့ ခြင်ကအခြားသူကိုအကိုက်ခံရတဲ့အခါ အဲလူပါကူးတယ်၊ သေဆုံးတဲ့ကလေးငယ်တွေလည်းရှိတယ်ပုံမှန်အားဖြင့်အဆင့် ၁/၂/၃ ခွဲထားတယ်၊ပြင်းထန်တဲ့လက္ခဏာပြလာရင်တော့ အမြန်ကုသသင့်တယ်” လို့ကျေးလက်ဆရာဝန်တစ်ဦးက ပြောသည်။
သွေးလွန်တုပ်ကွေးသည် အေးဒီးစ်ခေါ် (ခြင်ကျား) ကိုက်ရာမှတစ်ဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါက အသက်ပါသေဆုံးနိုင်ကြောင်း သိရသည်။
ကျေးလက်ကျန်းမာရေးဆရာမတစ်ဦးကလည်း” ကလေးဖျားရင် ပါရာစီတမောကလွဲပြီး ဘယ် အကိုက်အခဲပျောက်ဆေးမှ မတိုက်ထားသင့်ဘူး၊ ဓာတ်ဆားရည်တော့ တိုက်ထားလို့ရတယ်၊မိဘတွေအနေနဲ့စိုးရမ်လွန်ပြီး ကိုယ့်သဘောနဲ့ကိုယ်ဘယ်ပိုးသတ်ဆေးမှ တိုက်မထားသင့်ဘူး၊ ဆရာဝန်တွေနဲ့တိုင်ပင်ပြီးမှ လုပ်သင့်တယ်”ဟု ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာသည် ပုံမှန်တုပ်ကွေးနှင့်ဆင်တူပြီး နှာခေါင်းသွေးယိုခြင်း၊အနီစက်ထွက်လာခြင်း၊ အညိုရောင်/ကော်ဖီရောင်အန်ခြင်း၊ဝမ်းမဲသွားခြင်း၊ခြေကုန်လက်ပန်းကျခြင်းနှင့် အသက်ရှုရခက်ခြင်းများရှိလာပါက ပြင်းထန်သည့်လက္ခဏာဟုဆိုနိုင်ပြီး နီးစပ်ရာဆေးခန်းသို့ ပြသင့်ကြောင်းအကြုံပြုထားသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို လျော့ကျလာစေရန် လူနေထူထပ်သည့်နေရာများရှောင်ရှားခြင်း၊ အိပ်စက်ချိန်ခြင်ထောင်ဖြင့်အိပ်စက်ခြင်း၊ နေအိမ်အတွင်း ခြင်မဝင်အောင်ဂရုစိုက်ခြင်း၊ နေအိမ်ဝန်းကျင် သန့်ရှင်းရေးလုပ်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ခြင်နိုင်ဆေးများအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *