ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၁၊၂၀၂၃
လာအိုနိုင်၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်းတွင် သွေးလွန်တုပ်ကွေးဖြစ်သူ ၇၁၉၇ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးသူ၂ ဦးရှိကြောင့် ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အူဒန်စေ့ပြည်နယ်တွင် ဖြစ်ပွားသူအများဆုံးဖြစ်ပြီးခမ်းမွန်ခရိုင် နှင့် ဗီယင်းကျန်မြို့နယ်များတွင်လည်း ဖြစ်ပွားမှုများရှိနေကြောင့် သိရသည်။
သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြားပြီးနောက် ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနှင့် ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန်နည်းလမ်းများကို ပြည်သူများအား အသိပေးခြင်းကြောင့် သေဆုံးသည့်အရေအတွက် နည်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေး ရောဂါတိုက်ဖျက်ရာတွင်အရေးကြီးသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆရာဝန်များနှင့်သူနာပြုများ၏ စွမ်းဆောင်ရည်လည်း မြှင့်တင်‌ ပေးသွားမည်ဖြစ်‌ ကြောင်း ဝန်းကြီးငှာနက ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *