ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်းရှိ သနပ်ဖက် စိုက်ပျိုး‌တောင်သူမျာသည် ယခုနှစ်တွင် သနပ်ဖက်ဈေးကောင်းရနိုင်ချေရှိသည်ဟု ယုံကြည်ထားကြကြောင်း ယနေ့ဇူလိုင်လ(၁၄)ရက်နေ့တွင် စိုက်ပျိုးတောင်သူတစ်ဦးထံမှသိရသည်။
ယခုလက်ရှိ သနပ်ဖက်ဈေးသည် ယခင်နှစ်ထက် ဈေးကောင်းနေပြီး စိုက်ပျိုးတောင်သူများအနေဖြင့်သနပ်ဖက်ဈေးကောင်း ထပ်မံရရှိနိုင်မည်ကို ယုံကြည်ထားပြီး အလုပ်လုပ်ရာတွင် ကြိုးစားရသလောက် ကျေနပ်‌ကြောင်း ပြောဆိုကြသည်။
“ဒီနှစ်သနပ်ဖက်ဈေးရှိတာ ကြားသိရတော့ စိုက်ပျိုးတဲ့တောင်သူ ပိုကြိုးစားပြီး လုပ်ကြတယ်။ သနပ်ဖက်ဈေးနှုန်းက ပွဲစားတွေဆီမှာတော့ တစ်ပိဿာကို တစ်သောင်းကျော်နေပြီလို့ တော့ကြားတယ်။ အခုကျွန်တော်တို့ဆီမှာ ၆‌ ထောင် ၇ထောင် လောက်တော့ ရှိ‌နေပြီ” ဟု သနပ်ဖက်စိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။။
ပွဲစားများထံတွင် တစ်ပိဿာရောင်းဈေး တစ်သောင်းကျော်ရှိနေပြီး စိုက်ပျိုးတောင်သူများထံမှာ တစ်ပိဿာ ၆၀၀၀ ကျပ်၊ ၇၀၀၀ ကျပ်သာ ရှိနေသေးကြောင်း သိရသည်။
“အရင်နှစ်ထက်စာရင်တော့ ဈေးကောင်းတာ‌ပေါ့။ ယခုက အောက်ခြေနားပဲ စလှော်တာကို အသေးက ၃၀၀၀ ကျပ် အကြီးက ၇၀၀၀ ကျပ်ရပြီဆိုတော့ဈေးကောင်းတယ်။ ဒီတိုင်းတာဆိုရင် ဈေးဆက်တက်ဖို့လည်းများမယ်”ဟု ၎င်းကဆက်ပြောသည်။
နွေရာသီတွင် သနပ်ဖက်ပင်များကို စောခုတ်ကြသည့်တောင်သူများသည် အပင် အရွက် စောပေါက်၍ မိုးသီးရိုက်ဒဏ် ခံခဲ့ရပြီး မိုးသီးကြောင့် သနပ်ဖက်ရွက်များ ပေါက်ပြဲပျက်စီးခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *