ခမ်းသားငေါဝ်း
ဇူလိုင်လ ၉၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်‌လောင်း မြို့နယ်အတွင်းတွင် တစ်နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှု ပိုမိုများပြားလာကြောင်း ဒေသခံထံမှ သိရသည်။
ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ညဘက်အချိန် ရပ်ကွက်တွင်းလူနေအိမ်များ၊ စိုက်ပျိုးရေးရှိ သီးနှံများကို ခိုးယူမှုများရှိနေ ကြောင်း သိရသည်။
“အခုတလောက ဂျင်း‌တွေ၊ တူးပြီးသားအာလူးတွေ မကြာခဏ အခိုးခံရတယ် စိုက်ပျိုးရေးသုံးကိရိယာတွေ၊ ခိုးဆိုးလုနှိုက်မှူတွေ လည်း မကြာခဏ ဖြစ်တယ် အခြေအနေအရမ်းဆိုးနေတယ်” ဟု ပင်လောင်း ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လအတွင်းတွင် ဒေသခံများ စိုက်ပျိုးထားသည့်ဂျင်း၊ အာလူးနှင့် အခြားသီးနှံများကို ခိုးယူမှုပြုလုပ်နေကြောင်း ဒေသခံပြောပြချက်အရသိရသည်။
သီးနှံများခိုးယူခြင်းရှိသောကြောင့် သီးနှံစိုက်ခင်းကိုညတိုင်းအိပ်ပြီး စောင့်ကြည့်နေရကြောင်း၄င်းက ဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်လောင်း မြို့နယ်အတွင်းတွင် ခိုးဆိုးလုနှိုက်မှူ ၊သူခိုးသောင်းကျန်းမှူ မကြာခဏဖြစ်ပွားလျက်ရှိ တစ်နေ့တခြား အခြေအနေပိုဆိုးလာနေကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်းတွင် နေရာအနှံ့အပြားတွသူခိုးများသောင်းကျန်းမှု ခိုးဆဆိုးလုယက်မှုများ တနေ့ထက်တနေ့ ပိုမိုများလာနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ထိရောက်စွာအရေးယူဆောင်ရွက်နိုင်မှု မရှိကြောင်း သိရသည်။
#PPV-003

Leave a Reply

Your email address will not be published. Required fields are marked *