ခမ်းသားငေါဝ်း
ဇူလိုင် ၁၂၊ ၂၀၂၃
တာ့ခ်ခရိုင်နှင့် မြန်မာနယ်စပ်ကြားရှိ တရားမဝင်တရုတ်စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းရန် ကြိုးပမ်းမှုတွင် အင်တာနက်ချိတ်ဆက်မှုများကို ဖြတ်တောက်မည်ဟုသိရသည်။
ထိုင်းရဲများသည် ခေါ်ဆိုရေးစင်တာ လိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားအသံ လွှင့်၊ ဆက်သွယ်ရေးကော်မရှင် (NBTC) နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယအမျိုးသားရဲချုပ် ဗိုလ်မှူးကြီး Surachate Hakparn က ယမန်နေ့တွင် ပြောကြားခဲ့သည်။
ကျေးကျွန်ကဲ့သို့ စေခိုင်းခံခဲ့ရသော အခြေအနေများအောက်တွင် ထိုင်းနိုင်ငံသား အများအပြားသည် မြန်မာနိုင်ငံရှိ အဆိုပါ ခေါ်ဆိုရေးစင်တာများတွင် အလုပ်လုပ်ရန် လိမ်လည်လှည့်ဖြားခြင်း ခံနေရသည်။
ယင်းလိမ်လည်မှုအများစုသည် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ကာ မြန်မာနှင့် တရုတ် နှစ်နိုင်ငံ အာဏာပိုင်များနှင့် ပူးပေါင်း၍ ဆက်သွယ်မှုများ ဖြတ်တောက်ခံနေရသည်။
“တရားမဝင် တရုတ်စီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာ ဒေသများတွင် ရာဇ၀တ်ကောင်များကို ဖမ်းဆီးနိုင်ရေးအတွက် တိုင်းရင်းသားအုပ်စုများနှင့်လည်း သဘောတူညီမှုများ ပြုလုပ်သွားမည်”ဖြစ်ကြောင်း ဗိုလ်မှူးကြီး Surachate Hakparn ကဆက်ပြောထားသည်၊၊
တာ့ခ်ခရိုင် နယ်စပ်တွင် အင်တာနက် တာဝါတိုင်ပေါင်း ၁၇၃ ခုရှိပြီး မဲရမတ်၊ မဲဆောက်နှင့် ဖပ်ဖရာခရိုင်များက ချိတ်ဆက်မှုကို လွှမ်းခြုံထားသည်၊၊
Reference :The Nation Thailand