ခမ်းသားငေါဝ်
ဇူလိုင်လ ၈၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများစုနေထိုင်သော တောင်ရိုးလူမျိုးများသည် တောင်ရိုးစာယူနီကုဒ် ကီးဘုတ်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်း
ဆောင်ရွက်လျက်ရှိကြောင်း ကီးဘုတ်ဖြစ်
မြောက်ရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ကီးဘုတ်ဖြစ်မြောက်ရေး ကြိုးပမ်းရခြင်းမှာ တောင်ရိုးတစ်မျိုးသားလုံး မိမိဘာသာစကားကို တွင်ကျယ်စွာအသုံးပြုလာရန်နှင့် တောင်ရိုးစာပေပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။
” အခုမှ စလုပ်တာပေါ့နော်၊ ခုခေတ်က ဖုန်းလည်းကိုယ်စီသုံးနေကြပြီ၊ အဲတော့မိမိဘာသာစကားကို ဖုန်းထဲထည့်ပြီး အသုံးပြုလာကြဖို့ရည်ရွယ်ထားတယ်၊ ကွန်ပျူတာအတွက်တော့ရှိပြီ” ဟု
ကီးဘုတ်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။
” စလုပ်ခါစ ဆိုတော့ နည်းပညာအခက်အခဲ
ရှိတယ်၊ နည်းပညာနဲ့ပတ်သက်ပြီးအဆက်သွယ်တွေလည်း ခက်ခဲတယ်၊ငွေကြေးအခက်အခဲလည်း ရှိတယ်၊ အနည်းအများပါဝင်သူတွေလည်း ရှိပါတယ်၊ တိုင်းရင်းသားလူငယ်တွေမှာ နည်းပညာနဲ့ပတ်သက်ပြီး လုပ်နိုင်တဲ့သူတွေ များများရှိစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကီးဘုတ်အတွက် SSE Company နှင့်ချိတ်ဆက်လုပ်ဆောင်သွားမည်ဟု သိရပြီး ကုန်ကျငွေ သိန်း၂၀ လောက်ရှိနိုင်ကြောင့် ပြည်တွင်းပြည်ပမှ တောင်ရိုးလူမျိုးများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *