……………….
ခမ်းသားငေါဝ်း
ဇူလိုင် ၉၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာပြီးစီးပြီဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့တွင် သိရသည်။
ပြည်လည်တည်ဆောက်ပေးရာတွင် လုံးဝပျက်စီးမီးလောင်သွားသည့်နေအိမ်များ ၊ နည်းနည်းပြုပြင်၍ရသည့် အနေထားနှင့် နေထိုင်ရန်လုံးဝကြံ့ခိုင်မှု မရှိ သည့်နေအိမ်များကို ဖျက်ဆီးပြီးပြန်ဆောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
” အခုကကျေးရွာသူ/သားတွေ ပြန်ပြီးနေထိုင်လို့ရတဲ့အနေထားရှိသွားပြီ၊ စာသင်ကျောင်း​တွေဘုန်းကြီး ကျောင်းတွေလည်းပြီးသွားပြီ၊ လမ်းပန်းဆက်သွယ် ရေးနဲ့ သောက်သုံးရေလည်း ပြီးသွားပြီ​” ဟု TNLA သတင်းနှင့်ပြန်ကြားရေး ဒုဗိုလ်မူးကြီး တားအိုက်ကျော်က ခမ်းသားငေါဝ်းကို ပြောသည်။
ကုန်းသာရွာတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုအပြင် ရေရရှိရန်မလုံလောက် နေသော်လည်း ယခုပြန်လည်ထူထောင်ရေးအပိုင်းတွင် ရန်ပုံံငွေ၊အများပြည်သူလှူဒါန်းမှုနှင့်ဦးစီးပြီးဆောင်ရွက်ပေးခဲ့ကြောင်း ၄င်းက ဆက်ပြောပါသည်။
၄င်းကျေးရွာမှ ပျက်စီးသွားသည့်နေအိမ်များနှင့်ကြံ့ခိုင်မှုမရှိသည့် နေအိမ်များအပါအဝင် စုစုပေါင်း နေအိမ်၂၅လုံးကို ဆောက်လုပ်ပေးခဲ့ကြောင်းသိရပါသည်။
ယခင်တိုက်ပွဲမဖြစ်ပွားမှီကုန်းသာကျေးရွာတွင် အိမ်​​​​ခြေစုစုပေါင်း​ ၄၀ ဝန်းကျင်ရှိနေသည့်အပြင် လူဦးရေစုစုပေါင်း ၄၀၀ နည်းပါးတို့က လက်ရှိမိမိကျေးရွာအတွင်း ပြန်လည်နေထိုင်နိုင်ခဲ့ပြီဟုသိရှိရပါသည်။
ကုန်းသာရွာသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်ကြာ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်မှ လေကြောင်းသုံး တိုက်ခိုက်ခဲ့ခြင်းကြောင့် လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း ထိခိုက်ဆုံးရှုံးခဲ့ရသည့်အပြင် အရပ်သား ၂ ဦးနှက့် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ရသည်ဟုသိရသည်။
photo ရွှေဖီမြေ
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *