ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၃၊၂၀၂၃
ထိုင်း- မြန်မာနယ်စပ်ရှိ ဒေါနိုးကူစစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်သဖြင့် စစ်ရှောင်အများအပြား ထိုင်းနယ်စပ်သို့ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” အခြေနေက ရှုပ်ထွေးနေတော့ စစ်ရှောင်အရေအတွက် အတိအကျမသိရသေးဘူး၊ နေရာလည်း အတိအကျမပြောပြထားဘူး၊ အရင်က ဘယ်နေရာ၊ စစ်ရှောင်ဘယ်နှစ်ဦးရှိတယ် ဆိုတာတွေပြောတယ်၊ နောက်ပိုင်း စစ်ကောင်စီက အဲနေရာတွေအဓိက တိုက်ခိုက်လာတယ်၊ နောက်ပိုင်းမပြောတော့ဘူး” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အခြေအနေတွင်
အရပ်သားပြည်သူများအပေါ်စစ်ကောင်စီကအကြောင်းမဲ့ လေကြောင့်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
” ဒီလိုစစ်ရှောင်စခန်းတွေကို တိုက်ခိုက်တာဟာလုံးဝမဖြစ်သင့်ဘူး၊နဂိုကတည်းက တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ပြည်သူတွေလေ၊ အခုလို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်တော့ ထပ်ပြီးစစ်ရှောင်ရတာပေါ့၊ ပိုပြီးခက်ခဲသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဇူလိုင်လ ၁၂ ရက်မနက်အစောပိုင်းကလည်းထိုင်း- မြန်မာနယ်စပ် ဒေါနိုးကူစစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃ ဦးသေဆုံးခဲ့ရပြီး ဖားဆောင်းမြို့နယ် ကျောက်စုကျေးရွာကို ထပ်မံဗုံးကြဲခဲ့ရာ ကလေးငယ်တစ်ဦးသေဆုံးခဲ့ရသည်။
လက်ရှိကရင်နီပြည်နယ်တွင် အင်တာနက်လိုင်းများ မကြာခဏဖြတ်တောက်မှုများရှိနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ပိုများလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *