ခမ်းသားငေါဝ်း
ဇူလိုင်လ ၅၊၂၀၂၃
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် ယခု ၂၀၂၃ ခုနှစ် ဇွန်လအတွင်း နေအိမ် (၂၆၆၂)လုံး မီးရှို့ခံရပြီး အရပ်သားပြည်သူ (၁၅)ဦးမီးရှို့သတ်ဖြတ်ခံရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းမှ (၂၅၁၁) လုံး၊ မန္တလေးတိုင်းမှ (၁၀)လုံး၊ တနင်္သာရီတိုင်းမှ (၁၄)လုံး၊ ကချင်ပြည်နယ်မှ (၁၀)လုံး၊ ရှမ်းပြည်နယ်မှ (၄၀)လုံးနှင့် မကွေးတိုင်းမှ(၇၇)လုံး မီးရှို့ခံရပြီး နိုင်ငံတစ်ဝန်း (၂၆၆၂)လုံး မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
လူနေအိမ်အပါအဝင် ဘာသာရေးအဆောက်
အအုံ (၄)လုံး၊စာသင်ကျောင်း (၃)ကျောင်း မီးရှို့ခံရပြီး အရပ်သားပြည်သူ စစ်ကိုင်းတိုင်းမှ( ၉)ဦး
နှင့် မန္တလေးတိုင်းမှ (၆)ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ယခုဖော်ပြပါအချက်အလက်များသည် လွတ်
လပ်သောသတင်းမီဒီယာများ၊ ရပ်ဖက်အဖွဲ့အစည်းများ၏ထုတ်ပြန်ချက်များနှင့် မြေပြင်ရှိပြည်သူလူထုမှ ပေးပို့သည့်သတင်းအချက်အလက်များကို စီစစ်ဖော်ပြထားခြင်းဖြစ်ပြီး မြေပြင်တွင်စစ်ကောင်စီ၏ အကြမ်းဖက်မှုမှာ ပို၍များနိုင်ကြောင်း ဖော်ပြထားသည်။
အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လအထိ နိုင်ငံတစ်ဝန်းတွင် မီးရှို့ခံထားရသည့် နေအိမ်ပေါင်း ၇၀၃၂၄ ရှိပြီး သေဆုံးသူ ၃၇၄၅ ဦးအထိရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *