ခမ်းသားငေါဝ်း
ဇွန်လ ၃၀၊ ၂၀၂၃
ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြ ကျေးရွာ ရပ်ကွက်တစ်ခုတွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရ ကြောင်း ဇွန်လ ၃၀ ရက်နေ့က သိရသည်။
ယင်းကလေးငယ်သည် အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသူဖြစ်ပြီး ဇွန်လ၂၉ ရက် (အစ်နေ့) ကျောင်းပိတ်ရက်တွင် ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
“မုဒိန်းကျင့်တဲ့သူက အောင်သုခရပ်ကွက်မှာ နေတယ်။ သူ ကလေးမကို သားမယားပြုကျင့်ပြီး သူများဝိုင်းဖမ်းတာ ရပ်ကွက်ဓမ္မရုံမှာ ကြိုးနဲ့ တုပ်ထားတယ်။ ပြီးတော့ ရဲတွေ ဖမ်းသွားတယ်။ ကလေးမလေးတော့ ဆေးကုသမှု ခံယူနေရတယ် “ဟု ဆိုက်ခေါင်စံပြ ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
ဆိုက်ခေါင်စံပြကျေးရွာသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်သူ သုံးစွဲသူများလာပြီး ဒုစရိုက်မှုများ အကြမ်းဖက်မှုများ ဓားပြတိုက်မှုများ ယခင်ထက်သိသိသာသာပိုများလာကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *