Month: June 2023

လမ်းအလွန်ပျက်စီးသည့်အတွက်ရပ်ကွက်နေပြည်သူသွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း၊ ဇွန်လ ၈ ၊ ၂၀၂၃ တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက် နယ်မြေ ၄ အဝင်လမ်း လွယ်ခမ်းလမ်းမကြီးသည် အလွန်ပျက်စီးနေသည့်အတွက် ပြည်သူများ သွားလာရန်ခက်ခဲကြောင်းသိရသည်။ မိုးရွာသွန်းချိန်တွင် လမ်းမပေါ် ရေပြည့်လျှံသလို ချိုင့်ခွက်များအလွန်ကြီးမားခြင်းကြောင့် သွားလာရန်အလွန်ခက်ခဲ့ကြောင်းဒေသခံများထံသိရသည်။ “မိုးတွင်းဆိုရင်တော့ပိုဆိုးတယ်။လမ်းပေါ်ရေတွေစီးဆင်းတဲ့ချိန်ဆိုရင် သွားလာရတာအဆင်မပြေဘူး။ယာဥ်ကြောပါပိတ်ဆို့သွားရင်ဆိုင်ကယ်မောင်းသူတွေအနေနဲ့ဆိုရင် ယာဥ်ကြီးတွေရှောင်တိမ်းရတဲ့နေရာမှာရေပြည့်နေတဲ့ချိုင့်ခွက်နဲ့တွေ့ရင်ယာဥ်တိမ်းမှောက်မှုတွေလည်းကြုံရနိုင်တယ်”ဟုဘုရားဖြူရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါသည်။ ဘုရားဖြူရပ်ကွက်နေအမျိုးသားတစ်ဦးကလည်း “အခက်အခဲကတော့ ရပ်ကွက်နေလူတိုင်းတော့ကြုံရတာပေါ့။မိုးရွာလာပြီဆိုရင်လမ်းကချောင်းလိုပဲဖြစ်နေတာ။ ခုလိုကျောင်းဖွင့်ချိန်မှာ ကျောင်းသား/သူတွေအတွက်တော့အခက်အခဲပိုဖြစ်တာပေါ့။ မိုးကြီးရင်သူတို့လမ်းတောင်မကူးရဲကြဘူး”ဟုပြောသည်။ ထိုလမ်းသည် ကတ္တရာ လမ်းစတင်ခင်းသည့်အချိန်…

စစ်ကောင်စီအာဏာသိမ်းပြီး ၈၅၇ ရက်အတွင်း မတရားသတ်ဖြတ်ခံရသူ ၃၆၃၀ ဦးရှိလာ

ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊၂၀၂၃ စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေ‌ ဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီ ကြောင့် မတရားသတ်ဖြတ်ခံရအရပ်သားပြည်သူ ၃၆၃၀ ဦးရှိလာကြောင့း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း. AAPPထုတ်ပြန်ချက်အရ သိရသည်။ ယင်းထုတ်ပြန်ချက်အရ ဒီမိုက‌ရေစီအရေးလှုပ်ရှားသူ နှင့် တော်လှန်ရေးနှင့်ပက်သက်သူဟုဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း၂၃၂၈၃…

ပအိုဝ်းတိုင်းရင်းသူတစ်ဦး နိုင်ငံခြားတွင် အိမ်အကူသွားရောက်လုပ်ကိုင်ရာမှ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြုံတွေ့ရ

ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊ ၂၀၂၃ ပအိုဝ်းတိုင်းရင်းသူ နန်းကလျာဦး (အမည်လွဲ) သည် အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ရာ အိမ်ရှင်၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံတွေ့ခံစားနေရကြောင်း ကာယကံရှင်အမျိုးသမီးက ရင်ဖွင့်ပြောဆိုခဲ့သည်။ ပအိုဝ်းတိုင်းရင်းသူ နန်းကလျာဦးသည် အိမ်အကူအလုပ်သွားရောက်လုပ်ကိုင်ရန် ၁၄ ဇူလိုင်လ ၂၀၂၂ ခုနှစ်တွင် အိုမန်နိုင်ငံသို့ ‌ ရောက်ရှိခဲ့ပြီး အလုပ်လုပ်ကိုင်လာသည့် (၉)လတာကာလအတွင်း အလုပ်၏ အလုပ်ရှင်…