ခမ်းသားငေါဝ်း၊ ဇွန်လ ၂၁၊၂၀၂၃
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ဆက်သွယ်ရေး အော်ပရေတာများသည် အများပြည်သူအသုံးပြုနေသည့် ဖုန်းဆင်းကဒ်များကို မှတ်ပုံတင်ပြန်လည်ပြုလုပ်ခိုင်းခြင်းများကြောင့် ဆင့်ကဒ်အသုံးပြုပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ပြည်သူများထံမှ သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလ နှင့် မေလများတွင် MPT ၊ ATOM များအပါအဝင် ပြည်တွင်းဆက်သွယ်‌ရေးအော်ပရေတာများမှ SimReg ဆိုသော ခေါင်းစဉ်ဖြင့် ဆင်းကဒ်ကတ် မှတ်ပုံတင်ပြန်လည်ပြုလုပ်ခိုင်း သည့် စာတိုများကို နေ့စဉ်နှင့်အမျှပေးပို့ခြင်း၊ ဖုန်းခေါ်ပြောကြားခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။
“အစက တယ်လီနော် ပဲသုံးတာ။ မှတ်ပုံလည်းတင်ပြီးသား အဲတာကို အာဏာသိမ်းပြီး Atom ဆိုပြီး ပြောင်းသွားတယ်။ နောက်တော့ မှတ်ပုံတင်ပြီး စာရော ဖုန်းရော တောက်လျှောက်ပို့လာတယ်။ ကျမလည်း စိတ်ညစ်ပြီး ပြန်စစ်တော့ အခြားသူနာမည်ဖြစ်နေတယ်။ အတော်လည်းလန့်သွားတယ် အဲချိန်ကဆိုရင် အခြားသူဖုန်းခေါ်ရင် ဧရိယာပြင်ပ အဲလိုဘဲဖြစ်နေတာ။ သူတို့ရဲ့ systemကြီးက ချိုးယွင်းနေတာလားလို့ ဖုန်းသုံးရတာလည်း မလုံခြုံသလို့ခံစားရတယ်။ စိတ်တွေလည်းညစ်ပါတယ်” ဟု Atom သုံးစွဲသူတစ်ဦးက ပြောသည်။
မမှန်ကန်သော မှတ်ပုံတင်များအသုံးပြုထားခြင်း၊ နာမည်နှင့် မှတ်ပုံတင်အမှတ်အပြည့်အစုံမထည့်ထားခြင်း၊ မှတ်ပုံတင်ဓာတ်ပုံ အရှေ့/အနောက် မမှန်ကန်ခြင်း၊ တိုင်းနှင့် ပြည်နယ်ကုဒ်မှားယွင်းနေခြင်း၊ အင်္ဂလိပ်လိုမှတ်ပုံတင်ထားခြင်းတို့ကြောင့် MPT က မှတ်ပုံတင်ပြန်လုပ်ခိုင်းရခြင်းဖြစ်ကြောင်း ၎င်းတို့၏ အွန်လိုင်း page စာမျက်နှာတွင် ဖော်ပြထားပါသည်။
“ကျွန်တော်က MPT သုံးတာ။ အဲဆင်းကဒ်ဘဲ အမြဲသုံးလာတာ ခနခနဖုန်းဆက်ပြီး မှတ်ပုံတင်ပါပြောလာတယ် ကျွန်တော်လည်းပြောတယ် တင်ပြီးသားလို့ အလုပ်ချိန်တွေမှာလည်း စိတ်ရှုပ်ရတယ်။ ဒီလူက တင်ပြီးသားဆိုတာ သူတို့မသိဘူးလားပေါ့။ သူတို့က အခြားရည်ရွယ်တွေရှိနေတာလာပေါ့။ တကယ်ဆိုရင် ဒီလူတစ်ယောက်က သူဒီဆင်းကဒ်သုံးစွဲနေလားဆိုတာ သူတို့ Operator တွေက သိရမှာပေါ့။” ဟု MPT သုံးစွဲသူတစ်ဦးက ပြောသည်။
ATOM သုံးစွဲသူ‌ နောက်တစ်ဦးကလည်း “ဆင်မ်းကဒ်က အစကတည်းက မှတ်ပုံတင်ပြီးသားကို မှတ်ပုံတင်အချက်အလက်တွေနဲ့ ကွဲလွဲနေလို့ဆိုပြီး စာတိုတွေ တောက်လျှောက်ပို့နေတာ။ အူရီဒူးနဲ့ အက်တမ်မှာဆိုရင် အက်တမ်ကတော့ အတော်ဆိုးတယ် Atom application မှာကြည့်တော့ အခြားသူနာမည်ဖြစ်နေတယ်။ ဘယ်လိုဖြစ်တာလဲပေါ့ သူတို့က ကိုယ်သုံးနေတဲ့ ဆင်မ်းကဒ်ကို ဘာမပြော ညာမပြောနဲ့ ရောင်းစားနေတာလားလို့ အောင့်မေ့ရတယ်။ ” ဟု ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် တယ်လီနော ဆက်သွယ်ရေး Operator ကုမ္မဏီ ထွက်ခွာခဲ့ပြီး လက်ရှိတွင် ATOM၊ MPT၊ Mytel၊ အော်ရီဒူး ဆက်သွယ်ရေး Operator များကို မြန်မာပြည်သူများက သုံးစွဲနေလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *