ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဘက် တိုက်ပွဲဖြစ်ပွားခဲ့သည့် တောင်မဲသင်း‌ဒေသတွင် နေအိမ်ပြန်ဒေသခံများအား မိမိဒေသတွင်းဖြစ်ပွားသည့်အခြေအနေများ မီဒီယာနှင့် အခြားလူများကို ဆက်သွယ်မပြောပြရန် PNOနှင့် စစ်ကောင်စီက ပိတ်ပင်ထားကြောင့် ဇွန်လ ၈ ရက်က သိရသည်။
ပင်လောင်းတောင်ဘက် တောင်မဲသင်းရွာ ပင်ပုံရွာ လုံးပျဉ်ရွာ နမ်းနိန်း ကျေးရွာများတွင် PNOနှင့် စစ်ကောင်စီတပ်က နေရာယူထာပြီး ရွာပတ်ပတ်လည် တွင် ၎င်းတို့က မိုင်းထောင်ထားကြောင့် ဒေသခံ တစ်ဦးက ပြောသည်။
“ရွာပြင်ဆိုလည်း သူတို့ ပေးသွားတဲ့ နေရာဘဲသွားရတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး လက်နက်ငယ် လက်နက်ကြီးသံတော့ ကြားနေရသေးတယ်။ တောင်စလုံးဖက်တော့ တိုက်ပွဲဖြစ်နေတုန်း တစ်ခါ တစ်ခါ လေယာဉ်လာတာ ဒရုန်းဝဲတာတို့လည်း ရှိတယ်”ဟု ‌ဒေသခံတစ်ဦးက ပြောသည်။
တောင်မဲသင်းဒေသသည် ဖေဖော်ဝါရီလ ၂၄ ရက်မှ စပြီး တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း ဒေသခံများ သေဆုံးသည့်အပြင် ကျေးရွာတွင်းရှိ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကျေးရွာများတွင် ပအိုဝ်း၊ ကယန်း လူမျိုးများ အများစုနေထိုင်ကြပြီး လှုဦးရေ ငါးထောင်ကျော် ရှိ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *