ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊၂၀၂၃
စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေ‌ ဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီ ကြောင့် မတရားသတ်ဖြတ်ခံရအရပ်သားပြည်သူ ၃၆၃၀ ဦးရှိလာကြောင့း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း. AAPPထုတ်ပြန်ချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်အရ ဒီမိုက‌ရေစီအရေးလှုပ်ရှားသူ နှင့် တော်လှန်ရေးနှင့်ပက်သက်သူဟုဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း၂၃၂၈၃ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၄၃၃၀ ဦးရှိကြောင်း သိရသည်။
အဖမ်းခံရသူများအနက် ၁၈၉၅၃ ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၆၃၀၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရ၍ ထိုအထဲတွင် သေဒဏ်ချမှတ်ခံရသူ ၁၅၈ ဦးပါဝင်ကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှလက်လှမ်းမှီသမျှကောက်ယူရရှိသည့်အရေအတွက်များဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်း သိရသည်။