Month: May 2023

ဆီဆိုင်တွင် စစ်ရှောင်များ သောက်သုံးရေမသန့်ခြင်းနှင့် ထုံးဓာတ်များခြင်းကြောင့် ဆီးကျောက်တည် ဖြစ်သူများလာ

ခမ်းသားငေါဝ်း၊ မေလ ၁၁၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ ရောက်ရှိ စစ်ရှောင်များ သောက်သုံးရေမသန့်ရှင်းခြင်းနှင့် ထုံးဓာတ်များခြင်းကြောင့် ဆီကျောက်တည် ဖြစ်သူ များလာကြောင်း မေလ ၁၁ ရက်နေ့တွင် သိရသည်။ စစ်ရှောင်များသာမက ဒေသခံများလည်း ယင်းရောဂါကို ခံစားနကြရပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်သူများနှင့် အရေပြားရောဂါဖြစ်ပွားသူ ပိုများလာ ကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရသည်။ “ရာသီဥတု ပူတာလည်းပါတယ် ရေက…

လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို ကူညီရန် NUGနှင့်EROsတို့မှ အာဆီယံကို တိုက်တွန်း

ခမ်းသားငေါဝ်း၊ မေလ ၁၁၊၂၀၂၃ မြန်မာနိုင်ငံပြည်သူအားလုံးကို လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအထောက်အပံ့များ ကူညီခွင့်ပြုပေးရန် အာဆီယံကို တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ EROs နှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားပါသည်။ လက်ရှိအခြေအနေတွင် နိုင်ငံတစ်ဝှမ်း၌ ပြည်သူ ၁.၅သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ နယ်မြေအနှံအပြားတွင်လိုအပ်နေပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နေခြင်းကို စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကပ်ဘေးရင်ဆိုင်နေရသည့်အခြေအနေဖြစ်ကြောင်းပါရှိပါသည်။…

မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် နောင်တရားရှိ စန္တာခမ်းရုမ်း စမ္မာရုံပျက်စီး

ခမ်းသားငေါဝ်း၊ မေလ ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တ‌‌ရားမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံးဖြို့ရးကွင်း တရားနာရာဓမ္မရုံသည် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးခဲ့ရကြောင်း သိရသည်။ မေလ ၈ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မိုးကြီးလေပြင်း တိုက်ခတ်ခဲ့ပြီး ယင်းဓမ္မရုံပျက်စီးသည့်အပြင် ကျေးရွာဖက်ရှိ နေအိမ်အချို့နှင့် တောင်သူများ စိုက်ခင်းလည်း ပျက်စီးခဲ့ကြောင်းသိရသည်။ “လူတွေ သံဃာတွေထိခိုက်တာတော့မရှိခဲ့ဘူး အောက်ကကွန်ကရစ်နဲ့စိုက်လုပ်ထားတာတောင် လေဒဏ်မခံနိုင်အာင် လေအရမ်းပြင်းခဲ့တာ ကွန်ကရစ်တစ်ချို့လည်း…

နမ်းသြကျေးရွာအနီး အာဆီယံသံတမန်ယာဥ်တန်းတိုက်ခိုက်ရမှု PNLOအနေနှင့် လုပ်စရာအကြောင်းမရှိ ဟုဆို

ခမ်းသားငေါဝ်း၊ မေလ ၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နမ်းသြကျေးရွာအနီး ပြီးခဲ့သည့်မေလ(၇)ရက်နေ့တွင် အာဆီယံလူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(AHA Center)၏ ယာဥ်တန်းပစ်ခတ်တိုက်ခိုက်ရမှုပတ်သက်ပြီး PNLO အနေနှင့်ပြုလုပ်စရာအကြောင်းမရှိဟု PNLO တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အာဆီယံသံတမန်၏ ခရီးစဥ်တစ်လျောက်လုံးကို PNLO က ပြီးသည့်ဧပြီလနောက်ဆုံးပတ်အထိပင် ပြင်ဆင်ထားခဲ့ပြီးယာဥ်တန်းတွင် PNLOအရာရှိများလည်းလိုက်ပါခဲ့ကြောင်း သိရသည်။ “အဲ့နေ့က ယာဥ်တန်းမှာ ကျွန်တော်တို့လူကြီးတွေပါပါတယ်၊ဆီဆိုင်ထဲမှာလည်းကျွန်တော်တို့အဖွဲ့ဖြစ်တဲ့…

လူနေအိမ် ၁၀လုံးကျော်မီးရှို့ဖျက်ဆီးခံရ၊ ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း၊ မေလ ၉၊ ၂၀၂၃ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အကြားရှိ မျက်ခါးအင်းကျေးရွာတွင် နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီတပ်သားများက မီးရှိုဖျက်ဆီးရာ ထွက်ပြေးတိမ်းရှောင်နေရ သူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရှိရပါသည်။ မေလ ၇ ရက်နေ့က မျက်ခါးအင်းကျေးရွာအနီး ကျွဲတပ်ကျေးရွာ ၊ ကျောက်ပချုပ်ကျေးရွာများက ထွက်ပြေးတိမ်းရှောင်နေရပြီး လူဦးရေ ၂၀၀ ခန့် ရှိကြောင်း ဒေသခံပြောပြချက်အရ…

ပင်လောင်းတွင် ဆန်နှင့် ဆေးဝါးများကို စစ်‌ ကောင်စီ အကန့်အသတ်ဖြင့်သာ သယ်ခွင့်ပြု

ခမ်းသားငေါဝ်း၊ မေ ၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဆန်နှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုကြောင်း မေလ၂ရက်နေ့တွင် ဒေသခံများ ပြောပြချက်အရ သိရသည်။ ပင်လောင်းမြို့ကို အဓိကဆက်သွယ်ထားသည့် အောင်ပန်းဂိတ် တီကျစ်မြို့ရှိ နဂါးဘီလပ်မြေရှေ့ရှိ ဂိတ် နှင့် ပင်လောင်းမြို့အဝင် ဂိတ်တို့တွင် တင်းကြပ် စစ်ဆေးလျက်ရှိပြီး ဆန်နှင့် ဆေးဝါးအပြင် အခြား ကုန်ပစ္စည်းများလည်း…

ဖူလုံသောလုပ်ခလစာရရှိရေး၊ လုံခြုံသောလုပ်ငန်းခွင်များဖြစ်ရေးအတွက် အလုပ်သမားလူထုအနေဖြင့် စဉ်ဆက်မပြတ်တော်လှန်သွားမည်

ခမ်းသားငေါဝ်း၊ မေလ ၁၊ ၂၀၂၃ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဖူလုံသောလုပ်ခလစာရရှိရေး၊ လုံခြုံကောင်းမွန်သောလုပ်ငန်းခွင်ဖြစ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့ကို ဆက်လက်ကြိုးပန်းသွားမည်ဖြစ်ကြောင်း ယနေ့တွင်ကျရောက်သည့်ကမ္ဘာ့အလုပ်သမားများနေ့ (မေဒေးနေ့)တွင် မေလ ၁ရက်နေ့တွင် FGWMက ထုတ်ပြန်လိုက်ပါသည်။ အာဏာဖီဆန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားခဲ့ကြသည့် အလုပ်သမားများ ၊ သမဂ္ဂခေါင်းဆောင်များကို စစ်တပ်မှ ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ငန်းရှင်များက အကြောင့်မဲ့အလုပ်ထုတ်ခြင်း၊ လုပ်ခလစာဖြတ်တောက်ခံရခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို…

တက်ကြွလှုပ်ရှားလူငယ်များကို စစ်ကောင်စီက တော်လှန်ရေးတွင်မပါဝင်ရန် ခံဝန်လက်မှတ်ထိုးခိုင်မှုရှိနေ

ခမ်းသားငေါဝ်း၊ ဧပြီ ၃၀၊ ၂၀၂၃ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကျေးရွာအချို့တွင် တက်ကြွလှုပ်ရှားသူများကို တော်လှန်ရေးတွင် မပါဝင်ရန် စစ်ကောင်စီက ခံဝန်လက်မှတ်ထိုးခိုင်းသည့် ဖိအားပေးမှုများရှိနေကြောင်း ဧပြီလ ၃၀ရက်နေ့က သိရှိရသည်။ လက်ရှိအခြေအနေအရ စစ်ကောင်စီလက်အောက် မြို့နယ်ရဲစခန်းတွင် ခံဝန်ထိုးရသူများ အချို့ရှိနေပြီး ခံဝန်မထိုးပါက မိသားစုများကိုဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများရှိ‌ကြောင်း ဒေသခံများထံမှ သိရသည်။ ” ကျွန်တော်သိသလောက်ခံဝန်သွားထိုးရတာ ခြောက်ယောက်လောက်ရှိနေပြီး နေအိမ်မီးရှို့ခံရသူတွေလည်း…

စိုက်ပျိုးကာလ နီးစပ်လာသောကြောင့် စစ်ရှောင်များနေရပ်ပြန်ပြီး စိုက်ပျိုးချင်သော်လည်း မိုင်းအန္တရာယ်စိုးရိမ်ရ

ခမ်းသားငေါဝ်း၊ ဧပြီ ၂၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ရောက်ရှိနေကြသော စစ်ရှောင်များသည် စိုက်ပျိုးကာလ နီးစပ်လာသောကြောင့် နေရပ်သို့ပြန်ကာ စိုက်ပျိုးကြချင်သော်လည်း မိုင်းအန္တရာယ် စိုးရိမ်နေရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်၊၊ ထိုစစ်ရှောင်များသည် ကရင်နီပြည်နယ် ဒီးမော့ဆို၊ ကုန်းသာ၊ကုန်းဆွတ်ဘက်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ကျေးရွာ၌ မကြာခဏပစ်ခတ်မှုရှိခြင်း နှင့် မိုင်းထောင်ထားခြင်းများလည်းရှိကြောင်း သိရသည်၊၊ “ရွာပြန်ပြီး စိုက်ပျိုးချင်ကြတယ် ဒါပေမယ့် တခါတခါပြန်ဖို့က လမ်းစရိတ်လဲကုန်များတယ် လမ်းစရိတ်အတွက်လည်းမရှိဘူး…

လာမည့် မိုးတွင်းကာလအတွင်း အယ်လ်နီညို ဖြစ်ပေါ်လာနိုင်ဟု မိုးလေဝသမှ အသိပေး

ခမ်းသားငေါဝ်း၊ ဧပြီ ၂၈၊ ၂၀၂၃ နိုင်ငံတကာ မိုးလေဝသဌာန၏ ခန့်မှန်းတွက်ချက်အရ လာမည့် မေ၊ ဇွန်နှင့်ဇူလိုင်လအတွင်း အင်အား အနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဧပြီ၂၈ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်၊၊ အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ ပုံမှန်အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်၊၊ အယ်လ်နီညိုဖြစ်စဉ်သည်…