Month: May 2023

ပင်လောင်းတွင် စစ်ဘေးရှောင်များအတွက် အကူ အညီပေးမည့် NGO/CSO များ အခက်အခဲရှိနေ

ခမ်းသားငေါဝ်း၊ မေလ၂၁ ၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာကြသည့် စစ်ဘေးရှောင်များအတွက် အကူအညီပေးမည့် NGO/CSO များ ဝင်ရောက်ကူညီပေးရန် အခက်ခဲရှိနေကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ “အဓိက အသွားအလာပေါ့ စစ်ဆေးတာလည်းများတယ် လုံခြုံရေးအခက်ခဲတွေလည်းရှိတယ်ပြီးတော့ ထွေအုပ်ဖက်ကလည်း ဘာပဲကူညီကူညီပေါ့ သူတို့ထံစာတင်ရတယ် သူတို့အရင်ခံစာပြန်တင်ရတာမျိုးလု​ပ် တယ်ပေါ့လေ ပင်လောင်းမှာလည်း ပြည်သူ့စစ်တွေ စစ်တပ်တွေ အမြဲစောင့်ကြည့်နေတဲ့အတွက် အခက်အခဲတော့အများကြီးရှိတယ်”ဟု NGO…

လောင်းကစားဝိုင်း၏နောက်ကွယ်မှာ ပြာကျနေသည့် နမ့်စန်ဒေသခံမှ ဘဝနေထိုင်မှု

ခမ်းသားငေါဝ်း၊ မေလ ၂၁၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့မြို့နယ်ဖြစ်ပြီး အေးချမ်းသာယာ သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ပြည်သူ့စစ် အဖွဲ့အစည်း အများစုတည်ရှိနေသည့် မြို့နယ် လည်းဖြစ်သည်။ ထိုအေးချမ်းသာယာသည့်မြို့နယ်သည် ယခုတွင် လောင်းကစားဝိုင်းကြောင့် ပျက်စီးမှုများဖြစ်စေတော့မည်။ ကလေးသူငယ်၏ အကျင့်စာရိတ္တကိုပျက်ပြားစေသည့် ရက်ရှည်လောင်းကစားဝိုင်းသည် နမ့်စန်မြို့နယ် အတွင်း တွင် တွင်တွင်ကျယ်ကျယ် လွတ်လွတ်လပ်လပ် ဖွင့်လှစ်လာခဲ့သည်။ ထိုဒေသ…

RCSSက PNLO တပ်စခန်းကို လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း၊ မေလ ၂၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ PNLO ၏ ဖက်နံတပ်စခန်းကို RCSS တပ်က ကျူးကျော်ဝင်ရောက်လာပြီး တိုက်ခိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊ ထိုပစ်ခတ်မှုသည် ယနေ့ မေလ၂၀ ရက် မနက်ပိုင်း ၅ နာရီခန့်တွင် RCSS/SSA က အင်းအား ၁၀၀ ကျော်ဖြင့် ကျူးကျော်ဝင်ရောက်လာပြီး ထီဖက်နံ PNLA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…

နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသောနည်းလမ်းကို ရှာဖွေမည်ဟု NCA အဖွဲ့ ဆွေးနွေး

ခမ်းသားငေါဝ်း၊ မေလ ၁၉၊၂၀၂၃ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့သည် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသောနည်းလမ်းများ ရှာဖွေ‌သွားမည်ဟု NCA အဖွဲ့ဆွေးနွေးထုတ်ပြန်ထားသည်၊၊ အဆိုပါ နည်းလမ်းများ ရှာဖွေရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရန်၊ နိုင်ငံရေးဆွေးနွေးပွဲများသည် အမျိုးသားရေးလုပ်ငန်းစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ရေးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်၊၊…

ဆောင်းပြောင်းဒေသတွင် PNA ပြည်သူ့စစ်အဖွဲ့က ဒေသခံများကို နေကြာနှင့်ပြောင်း စ်ိုက်ခွင့်မပြု

ခမ်းသားငေါဝ်း, မေလ ၁၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် PNA ပြည်သူ့စစ်အဖွဲ့က ဒေသခံတောင်သူများကို နေကြာနှင့်ပြောင်းများစိုက်ပျိုးခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။ ဆောင်းပြောင်းဒေသ စိုက်ပျိုးတောင်သူများသည် ပြောင်းကိုသာ အဓိက စိုက်ပျိုးနေကြသဖြင့် ယခုကဲ့သို့ ပြောင်းမစိုက်ပျိုးရန် ကန့်သတ်လိုက်ခြင်းကြောင်း ဒေသခံများအတွက် အခက်ခဲများတွေ့ရကြောင်း သိရသည်။ “မေလ ၁၅ ရက်နေ့က ရွာလူကြီးအိမ်မှာ အစည်း ဝေးခေါ်ပြီး ပြောင်းနဲ့…

ဆီဆိုင်တွင်စစ်ရှောင်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိ

ခမ်းသားငေါဝ်း၊ မေလ ၁၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ် အပေါ်ရွာရှိ စစ်‌‌ရှောင်စခန်းတွင် စစ်ရှောင် ပြည်သူများ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဆေးဝါးများ အရေးပေါ်လိုအပ်ကြောင်း မေ ၁၇ ရက်က စစ်ရှောင်ကူညီသူတစ်ဦးထံ သိရသည်၊၊ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ဆေးဝါးအလုံအလောက်မရှိခြင်းကြောင့် ၂နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ လက်ရှိတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူ…

ပင်လောင်းမြို့နယ် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ပိုများလာ

ခမ်းသားငေါဝ်း၊ မေလ ၁၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် အလွယ်တကူရရှိနိုင်ပြီး ရောင်းဝယ်သူပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ယာမ (ခေါ်) မူးယစ်ဆေးဝါးကို ခိုးရောင်းသူပိုများလာသည့်အတွက် သုံးစွဲသည့်လူငယ်လူလတ်လည်း ပိုများလာကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ “အခုက မူးယစ်ဆို ရွာတိုင်းလိုလိုမှာ ရောင်းတဲ့သူ ရှိတယ် အလွယ်လည်းရကြတယ်…

မြန်မာပြည်သူအတွက် Burma Act ကိုအကောင်အထည်ဖော်ဆောင်သွားမည်ဟု အနိုင်ရထိုင်းပါတီခေါင်းဆောင်ဆို

ခမ်းသားငေါဝ်း၊ မေလ ၁၇၊၂၀၂၃ မြန်မာနိုင်ငံပြည်သူအတွက် အမေရိကန်နိုင်ငံကဖော်ဆောင်ပေးသည့် Burma Act ကို အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရပါတီခေါင်းဆောင်က ဆိုသည်၊၊ ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် Move Forward ပါတီခေါင်းဆောင် Mr. Pita Limjaroenrat သည် မြန်မာအရေးဦးစားပေးဆောင်ရွက်ပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အလယ်အလတ် ဖြစ်တဲ့နိုင်ငံတွေအတွက်က…

အကူညီပေးရန်ရောက်လာသည့်သံတမန်ယာဥ်တန်း တိုက်ခိုက်ခံရမှုအပေါ်ရှုတ်ချကြောင်း(PNFC)ထုတ်ပြန်

ခမ်းသားငေါဝ်း၊ မေ ၁၂ ၊ ၂၀၂၃ ရှမ်းတောင်ပိုင်း ပအိုဝ်းအမျိုးသားနယ်မြေဖြစ်သည့် ဆီဆိုင်မြို့နယ်အတွင်းစစ်ရှောင်များအကူညီပေးနိုင်ရန်ရောက်လာသည့် အာဆီယံသံတမန်ယာဥ်တန်းကိုပြီးခဲ့သည့်မေလ(၇)ရက်နေ့၌ ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)မှပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းမနေ့မေလ(၁၁)နေ့ကထုတ်ပြန်ခဲ့သည်။ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန(AHA)စင်တာသည် ပအိုဝ်းအမျိုးသားနယ်မြေအတွင်းရှိစစ်ရှောင်များကိုလူချင်းတွေ့ကူညီပေးနိုင်ရန်ခရီးစဥ်တွင်ယာဥ်တန်းတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ ၎င်းဖြစ်ရပ်ကိုမြင်တွေ့ခဲ့သည် ဒေသခံပအိုဝ်းပြည်သူများ၏ပြောဆိုချက် အရ ဒေသခံဌာနေအသွင်ပြောင်းပြည်သူ့စစ်များလုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်း လုပ်ဆောင်ရာတွင် နောက်ကွယ်ကစေခိုင်းသည့်အခြေအနေများရှိခဲ့ကြောင်းတွေ့ရှိရသည့်အတွက်ကြောင့် မြန်မာနိုင်ငံဆိုင်ရာ(ASEAN)အထူးကိုယ်စား လှယ်မှတာဝန်ရှိသူများအပါ နိုင်ငံတကာအစိုးရများနှင့်အသိုင်းအဝိုင်းမှယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူပေးရန်တောင်းဆိုထားကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုင်းပြည်အတွင်း တင်းမာမှုအမြင့်ဆုံးကာလသည် တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုးကြားပဋိပက္ခများဖန်တီးခြင်း လူမျိုးတစ်မျိုးတည်းရှိ…

မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ပြင်ဆင်ရန်အကူအညီများလိုအပ်

ခမ်းသားငေါဝ်း၊ မေလ ၁၂၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောက်တလုံးကြီး ဒေသ ဟမ်းဖို့ပေရွာတွင် မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ပြင်ဆင်ရန်အတွက် အကူအညီများ လိုအပ်နေ ကြောင်းသိရသည်။ ယင်းဒေသတွင် မေလ ၈ ရက် နေ့က မိုးသက် လေပြင်းကျရောက်သဖြင့် နေအိမ် ၂၃ လုံးပျက်စီးသွားခဲ့ပြီး ပျက်စီးသွားသည့် အိမ်များထဲတွင်အိမ် ၈ လုံးသည်…