ခမ်းသားငေါဝ်း၊ မေလ၂၉၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် မြိုင်စံပြကျေးရွာအနီးရှိ ဂဏန်းကျသဘာဝရေတံခွန်ကို ပြည်တွင်းခရီးသွားအပန်းဖြေလာရောက်သူများနှင့်အလှ ဓာတ်ပုံရိုက်သူ များဖြင့် စည်ကားနေကြောင်း သိရသည်။
မေလ အတွင်းတွင် ဂဏန်းကျရေတံခွန် ၌လာရောက်လည်ပတ်သူ အလွန်များပြားပြီး စည်ကားနေကြောင်းသိရသည်။
” ရေတံခွန်က ရှိနေတာကြာနေပြီ အခုမှ အွန်လိုင်းပေါ်ကတစ်ဆင့်လူသိများပြီး လာရောက်လည်ပတ်ကြသူတွေများပြားလာခဲ့တယ် ဒီတစ်ပတ်အတွင်း လူအလွန်စုပြုံရောက်လာတယ် ခြေလျှင်ခလျောက် သွားရတာနဲ့ သွားလမ်းကျဥ်းတာတွေတော့ ရှိတယ်” ဟု မြိုင်စံပြကျေးရွာနေထိုင်သူ အမျိုးသမီး တစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
သဘာဝအတိုင်းရှိနေသည့်ရေတံခွန်အဖြစ် လူသိများပြီး လာရောက်လည်ပတ်ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် စည်းကမ်းမဲ့ အမှိုက်များမပစ်ခဲ့ကြရန် ဒေသခံက တောင်းဆိုထားသည်။
ထိုရေတံခွန်သို့ ခရီးသွားပြည်သူများနေ့စဥ်ရှိနေသည့်အပြင် တောတွင်းလမ်းလျှောက်အတက်အဆင်းများရှိသောကြောင့် နည်းနည်းခက်ခဲသည့် ခရီးသွား Trekking တစ်ခုလည်းဖြစ်သည်။
စျေးရောင်းသူ မမီးကလည်း” ခရီးသွားသူက တစ်နေ့တစ်နေ့ သွားလာသူရှိလာတော့ လမ်းဘေးက ဒေသရာသီစာချရောင်းတဲ့ဆိုင်ငယ်တွေလဲရောင်းရတယ် ဝယ်ပြန်ကြတယ် လာလယ်တဲ့သူက လူငယ်တွေက များပါတယ်” ဟုပြောသည်။
ရွာငံမြို့နယ်တွင် ခရီးသွားပြည်သူများစိတ်ဝင်စားခဲ့သည့် ဂဏန်းကျရေတံခွန်အပြင် ၄င်းအနီးပတ်ဝန်းကျင်ရှိ ရေပြာစမ်းရေတံခွန် ၊ ရေပြာအိုင် ၊ ရေဖြူကန် နှင့် မိန်းမရဲသခင်မတောင်များ အထိအပန်းဖြေရောက်လာခဲ့သူတွေများရှိခဲ့ကြကြောင်းသိရှိရပါသည်။
photo CJ

Leave a Reply

Your email address will not be published. Required fields are marked *