ခမ်းသားငေါဝ်း၊ မေလ ၂၈၊ ၂၀၂၃
“ခုအခက်ခဲဖြစ်နေတာ ပြေးလွားနေရတာက တစ်မြို့နယ်ထဲချင်းတွေပါဗျာ” နောင်တရားဒေသခံမှ စစ်ရှောင်တွေ ကို ကူညီနေသူအသက်(၃၀)အရွယ်အမျိုးသားတစ်ဦးကဖုန်းဆက်လာကာ ကိုယ်ချင်းစာသည့်လေသံနှင့်ပြောဆို သည်။
တိုက်ပွဲများဖြစ်ပွားလာပြီးနောက်ပိုင်း အသက်အန္တရယ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် များလက်ခံသင့် လက်မခံသင့် သဘောကွဲလွဲမှုများရှိလာရသည်။
အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း ပင်လောင်းမြို့ပေါ်ကိုရောက်လာသည် စစ်ဘေးရှောင်များကို ဒေသခံတိုင်းရင်းသားတချို့က လက်သင့်မခံခွဲခြားဆက်မှုများရှိလာခဲ့သည်။
ပင်လောင်းတောင်ဘက်ရှိ တောင်မဲသင်း၊ တောင်စလုံ၊ မြောက်စလုံ၊ နမ့်နိန်း၊ ပင်ပွံ၊ လုံးပျဉ်ကျေးရွာ တို့အတွင်း တိုက်ပွဲမဖြစ်ပွားခင်မှာ ကယားပြည်အတွင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကယန်းစစ်ရှောင်များသည် ၎င်းကျေးရွာတို့အတွင်း၌ လာရောက်တိမ်းရှောင်နေကြရသည်။
တောင်မဲသင်းစသည့်ယင်းကျေးရွာတို့အတွင်း၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်နေ့ကစပြီး ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစု(တော်လှန်ရေးအင်အားစု)(KNDF)တို့နှင့် အာဏာသိမ်းစစ်ကောင်စီ၊ ပြည်သူ့စစ် PNO တို့ တိုက်ပွဲဖြစ်ပွားကာ တောင်မဲသင်း၊နမ်းနိန်း၊လုံးပျဉ်၊ ပင်ပွံကျေးရွာခံများဟာ ပင်လောင်းမြို့နှင့် မြို့တောင်ဘက် ရှိ ဝါးလီး၊ရင်းမှီးစသည့်ကျေးရွာများတွင် အများဆုံးရောက်တိမ်းရှောင်နေကြရ ကြောင်းသိရ သည်။
ပင်လောင်းမြို့ထဲရှိဘုရားကြီးအတွင်းသည်ယခင်နှစ် ၂၀၂၂ ခုနှစ်၌ ကရင်နီ(ကယား)ပြည်မှ ကယန်းစစ်ဘေးရှောင် များ(၅၀၀)ကျော်ကိုလက်ခံထားပြီး အကူအညီရနိုင်ရန် အဖက်ဖက်မှအကောင်းဆုံးစီစဉ်ပေးခြင်း အကောင်းဆုံး အလှူရှင်များနှင့် ချိတ်ဆက်ပေးခြင်းရှိခဲ့သော်လည်း ယခုနှစ်မတ်လနှင့်ဧပြီလအတွင်းမှရောက်လာသည့် လောလောလတ်လတ်စစ်ရှောင်များကို၎င်းနေရာ၌ လက်ခံခြင်းမရှိ‌တော့ကြောင်းသိရသည်။
၎င်းဘုရားကြီး‌နေရာ၌ ထပ်ရောက်လာသည့်စစ်ရှောင်များကို ပွဲများသည်ဟုဆိုသောအကြောင်းပြချက်ဖြင့် လက်ရှိပင်လောင်းမြို့အတွင်းရောက်လာသည့်စစ်ရှောင်များ(၃၀၀)ကျော်(၄၀၀)ဝန်းကျင်ကို ပင်လောင်းကွက်သစ် ဓမ္မာရုံ၌ ကြပ်ကြပ်တည်းတည်းနေရာချ‌ပေးနေရ‌ကြောင်းသိရသည်။
“တိုက်ပွဲစဖြစ်တော့ ရွာဦးကျောင်းမှာတက်ပြီးခိုလုံတယ်၊ တိုက်ပွဲအခြေအနေကပိုပြင်းလာတာနဲ့ဖေဖော်ဝါရီ ၂၇မှာ ဒီဘက်ကိုတိမ်းရှောင်လာတာပါ၊ တချို့တောင်စလုံး မြောက်စလုံးက တောင်ဘက်တိမ်းရှောင်ကြတယ်၊ ကျွန်မတို့ ရွာ ရောက်နေတဲ့ကယန်းစစ်ရှောင်တွေနဲ့အတူတချို့က ပင်လောင်းမြို့ထဲရောက်သွားတယ်၊ ရှောင်နေရင်း အလှူရှင် ကူညီတဲ့သူတွေကိုအားနာတယ်၊ ဖြစ်နိုင်ရင်ကိုယ့်ရွာကိုဘဲပြန်ချင်တယ်”ဟုပင်လောင်းအတွင်း ရောက်နေသည့်လုံး ပြင်ရွာအမျိုးသမီးတစ်ဦးကပြောသည်။
မတ်လ(၁၁)ရက်နေ့၌လည်း နမ်းနိန်း‌ကျေးရွာအတွင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု‌ကြောင့် ရွာရှိ လူနေအိမ် များ ဘုန်းတော်ကြီးကျောင်းများထိခိုက်ပျက်စီးပြီး နမ်းနိန်းရွာနှင့်အနီးရှိ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊ ခေါင်အိ၊ ဗွာလ၊ ပင်ပွံကျေးရွာမှ ဒေသခံ(၄၀၀၀)ဝန်းကျင်နေရပ်စွန့်ခွါ‌ ထွက်ပြေးတိမ်း ရှောင်ကြရသည်။
နောက်ဆက်တွဲတိုက်ပွဲ၏အကျိုးဆက်‌ကြောင့်နမ်းနိန်းကျေးရွာအတွင်းလူနေအိမ်အလုံး(၅၀)ကိုလည်း မီးရှို့ဖျက် ဆီးခံခဲ့ရသည်။ မတ်လကုန်ပိုင်း၌လည်း ပင်လောင်းအတွင်းရောက်ရှိနေသောစစ်ရှောင်များသည် မိမိရပ်ရွာသို့ ပြန်ချင်သော်လည်း ကျေးရွာအတွင်းမိုင်းထောင်ထားမူများရှိနေသည့်အတွက် မပြန်ရဲကြပေ။
“အမှန်ပြောရရင်ခုကျွန်တော်တို့လိုအပ်တာက အိမ်အမြန်ပြန်နိုင်ဖို့၊ ပြည်သူလူထုတွေအေးအေးချမ်းချမ်းနေရဖို့ပဲ လိုအပ်တာအဲ့ဒါပဲ၊ ကျန်တာဘာမှမလိုအပ်တော့ဘူး”ဟု ပင်လောင်းရောက် စစ်‌ရှောင်အမျိုးသားတစ်ဦး ကပြော သည်။
ပင်လောင်းမြို့နယ်အတွင်းရောက်လာသည့် ပအိုဝ်းတိုင်းရင်းသားစစ်ရှောင်များကို ခွဲခြားဆက်ဆံခြင်းရှိသလို ကရင်နီမှ ကယန်းစစ်ရှောင်ပြည်သူများလည်း ခွဲခြားဆက်ဆံခြင်း ခံနေရကြောင်းသိရသည်။ ပင်လောင်း‌‌ဒေသခံ ပအိုဝ်းတိုင်းရင်းသားအများစုသည် ကယန်းစစ်ရှောင်များကို မိမိစိတ်မှ လက်ခံလိုခြင်း မခွဲခြားပဲကူညီလိုခြင်း ရှိခဲ့သော်လည်း တချို့တာဝန်ရှိရွာခံလူကြီးများသည် ကယန်းစစ်ရှောင်များကိုမလက်ခံရန် ပြောဆိုထားမှုရှိ ကြောင်းသိရသည်။
“ကယားမှာတိုက်ပွဲဖြစ်တာက အရင်နှစ်ကထဲကမလား၊ အဲ့ချိန်က ကျွန်တော်တို့ရွာ‌ရောက်ရင်အ‌‌‌ကောင်းဆုံး ကူညီတာပါ၊ သို့သော် တောင်မဲသင်း၊ လုံးပျဉ်စတဲ့ရွာတွေတိုက်ပွဲဖြစ်တော့ ပင်လောင်းရွာအတော်များက အစည်းဝေးခေါ်တယ် ကယန်းစစ်ရှောင်တွေမလက်ခံဖို့ကို လူကြီးကရွာခံတွေကိုပြောထားတာ ဘယ်လိုပြော လဲဆိုတော့ သူတို့ကပြောတယ် ကျွန်တော်တို့က သူတို့စစ်ဘေးရှောင်ကိုလက်ခံမယ်ဆိုရင်တဲ့ အရင်ကငါတို့ သူများကိုသနားတယ်၊ ခုကျတော့သူများက ငါတို့ကိုပြန်မသနားတဲ့အပြင် ကျည်ဆံနဲ့ငါတို့ကိုပြန်ချတာတဲ့၊ အဲ့တာနဲ့ ဘာမှမသိတဲ့ကျွန်‌တော်တို့ကလည်းမလက်ခံရဲတော့ အမြင်တွေကွဲကုန်တာ”ဟု ပင်လောင်းနယ်ခံ ခွန်မောင်း (အမည်ပြောင်း)ကဆိုသည်။
လက်ရှိ ပင်လောင်းနယ်အတွင်း လာရောက်တိမ်းရှောင်နေသည့် ကယန်းစစ်ရှောင်အမျိုးသမီး တစ်ဦးက လည်း ”ကျွန်မတို့ရောက်လာတာတစ်နှစ်ပြည့်တော့မယ်ရှင့်၊ ကူညီတဲ့ပအိုဝ်းလူမျိုးတွေအရမ်းကောင်းပါတယ်၊ ပရဟိတ သမားတွေရော တစ်ခုခုလိုနေမလား အမြဲတမ်းလာမေးပါတယ်၊ ဒါပေမယ့်ပင်လောင်းတိုက်ပွဲ ဖြစ်ပြီး နောက်ပိုင်း ဈေးမရောင်းပေးတာတွေ လိုအပ်တာတွေဝယ်လည်း မရောင်းပေးတာတွေ အိမ်အလာမခံတော့တာတွေဖြစ် နေတယ်၊ ‌ဪ ဒါကခွဲခြားဆက်ဆံ ခံရတာလားပေါ့နော်၊ ကျွန်မစိတ်ထဲတော့ခံစားမိတယ်”ဟုပြောသည်။
ကယား(ကရင်နီ)ပြည်အတွင်း ယခင်နှစ်သည် ကရင်နီပြည့်သူကာကွယ်ရေးတပ်များ၊ တော်လှန်ရေးအင်အားစု များနှင့် စစ်ကောင်စီတပ်တပ်တို့ တိုက်ပွဲပေါင်းများစွာဖြစ်ပွားခြင်းကြောင့် ကရင်နီပြည်သူများလည်း‌ သောင်းချီ ပအိုဝ်းအုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဆီဆိုင်၊ ပင်လောင်းတို့၌ လာရောက်ခိုလှုံတိမ်းရှောင်နေရပြီး တချို့သည် သားမယား၊ မိဘ၊ ဘိုးဘွားများကိုလာရောက်ပို့ဆောင်ကာ မိမိနေရာကယားပြည်ကိုပြန်လှည့်၍ တော်လှန်‌ရေး လမ်းကြောင်းပေါ်သို့ ရောက်သွားသူလည်း များစွာရှိကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ပင်လောင်းမြို့နယ်တောင်ဘက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသဖြစ်သည့်အတွက် တောင်ဘက်ကရင်နီ(ကယား)တိုင်းရင်းသားမှကျူးကျော်လာသည်ဆိုသည့် ဝါဒဖြန့်မှုသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ နေသည့်အတွက် ကယန်းလူမျိုးနှင့် ပအိုဝ်းလူမျိုးတို့ ညီနောင်တိုင်းရင်းသားအချင်းချင်း ဆက်ဆံရေး ဆိုးကျိုးများ စွာဖြစ်လာနိုင်မည်ဟုလည်းတက်ကြွလူငယ်တချို့ကစိုးရိမ်ကြောင်းပြောဆိုကြသည်။
နိုင်ငံအနှံ့စစ်ရှောင်များ ပိုများလာသည်ကိုတွေ့မြင်‌နေရပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုများ မရှိပဲ နေရာအနှံ့အပြား လက်နက်ကိုင်ဆောင်ပြီး ခုခံစစ်ကိုဆင်နွဲလာကြသည်။ လက်နက်မကိုင်နိုင်သည့် အရပ်သား များသည် အသက်အိုးအိမ်များ စွန့်ခွါပြီးအသက်လုပြေးနေရသော ပြည်သူများ သောင်း,သိန်းချီရှိ သည်။
စစ်အာဏာရှင်များ၏ဖိနှိပ်မှုနောက်ဆက်တွဲ နိုင်ငံရေးပဋိပက္ခကြားတွင် တိုင်းရင်း သားညီနောင်များ သွေးမကွဲရန်လိုအပ်သည် ဟု အမည်မဖော်လိုသူ နိုင်ငံရေးသုံးသပ်သူ တစ်ဦးကပြောသည်။ အဖိနှိပ်ပြည်သူများ ကြားတွင် သွေးထိုးစကားများနှင့် သွေးကွဲအောင်လုပ်သူတချို့လည်းရှိပြီး ပြည်သူအချင်းချင်း အမုန်းပွားစေသည့် စကားမျိုးမပြောရန် ယခုကာလတွင်အရေးကြီးသည်ဟု ၎င်းက အကြံပြုပြောကြားသည်။
“ဒီကာလမှာစကားကိုဖြစ်သလိုမပြောဖို့အဓိကအရေးကြီးတယ် သတိထားရမယ့်အချက်ပါ၊ မဟုတ်ရင် နိုင်ငံရေး ပြီးသွားလည်း လူမျိုးရေးက ပြီးမှာမဟုတ်ဘူး၊ အဲ့တော့အသက်အန္တရာယ်မှ လွတ်အောင်ရုန်းနေရချင်းအတူတူ အချင်းချင်းလူတစ်ယောက်ကသွေးခွဲလည်းမကွဲပါဖို့ အယုံမလွယ်ဖို့ပြောချင်ပါတယ်”ဟု၎င်းကပြောသည်။
ယခုတိုက်ပွဲများလက်နက်ကိုင်ပဋိပက္ခများသည့် စစ်တပ်ကြီးစိုးရေးအတွေးအခေါ်ကြောင့် ပြစ်ပွားလာခြင်းဖြစ်ပြီး စစ်တပ်ကြီးစိုးရေးအတွေးအခေါ်ရှိသည့် စစ်ခေါင်းများသည် ၎င်းတို့အာဏာရရှိရေးအတွက် ပြည်သူအ ချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းသွေးခွဲသည့် နည်းလမ်းမျိုးစုံကျင့်သုံးလျှက်ရှိသည်ကို သတိမူသင့်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
စစ်ခေါင်းဆောင်များကျင့်သုံးနည်းလမ်းတွင် တိုင်းရင်းသားဒေသများတွင်ကျင့်သုံးသည့် ဖြတ်လေးဖြတ်ခေါ် ရိက္ခာ၊ ဘဏ္ဍာငွေးကြေး၊ လူအင်အား၊ သတင်း ဖြတ်သည့် စစ်ဆင်ရေးမျိုးကိုလည်း ပြန်လည်းကျင့်သုံးလာသည်။
အထူးသဖြင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အခြားဒေသများနှင့် ဝင်ပေါက်ထွက်ပေါက်နည်းပါးသည့် ပင်လောင်း ဒေသတွင် စစ်ဆေးရေးဂိတ်များဖွင့်ပြီး ဆန်အပါအဝင်စားနပ်ရိက္ခာများကို အကန့်အသတ်ဖြင့်သယ် ဆောင်ခွင့် ပြုခြင်းသည် ပြည်သူများအတွင်း ခွဲခြားဆက်ဆံမှုဖြစ်ပေါ်စေသည့် အချက်တချက် လည်းဖြစ်သည်။
ဧပြီလဒုတိယပတ်တွင် ပင်လောင်းမြို့နယ်အတွင်း၌ တိမ်းရှောင်လာသူစုစုပေါင်း ငါး‌ထောင်ကျော်ထိရှိလာပြီး နောင်တရားအတွင်းမှာ တစ်ထောင်ကျော်ရောက်ရှိကာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းနှင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တို့တွင် ခိုလှုံနေကြရကြောင်းသိရသည်။
ပင်လောင်းတောင်ဘက်တွင် ယခုထိ လချီကြာတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဆက်လက်ဖြစ်မည့်အနေအထားများ ကြောင့် စစ်ရှောင်လာပြည်သူများလည်းတစ်နေ့ထက်တစ်နေ့ပိုများလာသလို နေရပ်မပြန်နိုင်ပဲယခုထိရှိနေသည်။ ပင်လောင်းနောင်တရားဒေသတွင်းသို့ နေရပ်စွန့်စစ်ရှောင်များ သွားကူရန် အဖွဲ့အစည်းအနေဖြင့် သော်လည်း ကောင်း တစ်ဦးတစ်ယောက်အနေဖြင့် သော်လည်းကောင်း ထွေအုပ်ထံအစီရင်ခံစာတင်ပြီး ထောက်ခံစာပါမှသာ သွားခွင့်ပြုသည့်အတွက် ကူညီရာတွင် အခက်ခဲရှိသလို စစ်တပ်၏ စစ်ဆေးရေးဂိတ်များ၌လည်း အခက်ခဲ ဖြစ်စေ သည်ဟုသိရသည်။
ယခုလိုအခက်ခဲများကြောင့် မိုးရာသီတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာရော အမိုးအကာများအပါအဝင် ပို၍အခက်ခဲများလာမည်ကို စိုးရိမ်‌ကြောင်းကူညီသူတချို့က ပြောဆိုကြသည်။
“ပြောရရင်သူတို့ PNO ကိုမကြိုက်တာက မကြိုက်တာပဲ ခုအခက်ခဲဖြစ်နေတာ ပြေးလွားနေရတာက တစ်မြို့နယ် ထဲချင်းတွေပါဗျာ ခုကနည်းနည်းလေးမှမကူညီတာပါ လုံးဝကို မကူညီတာဥပေက္ခာပြုကြတာ၊ ဒါကိုသိမြင်တာက တကယ်စိတ်မကောင်းလွန်းတာပါ”ဟု စစ်ဘေး‌ရှောင်ကူညီနေသော နောင်တရားဒေသခံ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးကပြောဆိုသည်။
ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်သူ ပြည်သူ ၈၀၀၀ ကျော်ကျန်ရှိနေသေးကြောင်းသိရသည်။
#PPV 004

Leave a Reply

Your email address will not be published. Required fields are marked *