ခမ်းသားငေါဝ်း၊ မေလ၂၈၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလာပ်ပေါ် ရွာ စစ်ဘေးတိမ်းရှောင်သူများအတွက် စားနပ်ရက္ခာအရေးပေါ်လိုအပ်နေကြောင်း မေလ၂၈ ရက်နေ့တွင် သိရသည်။
” လောလောဆယ် ဆန်တွေလဲ ပြတ်နေပြီ အလုပ်လုပ်ကိုင်ရဖို့နေရာတွေရှားပါးသလို ငွေဝင်လမ်းကလဲ မရှိသလောက်နည်းတယ် ဒီလူအများနဲ့ဆိုတော့ မလောက်မငှတွေရှိနေတယ်၊ ဒီကြားထဲ အဆင်မပြေမှုတွေကဆက်ဖြစ်လာတော့ ဖြစ်သလိုပဲနေ နေရတယ်” ဟု စစ်ဘေးတိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
အောင်ကလာပ်ပေါ်ရွာတွင် စစ်ဘေးရှောင်ပြည်သူ တစ်ရာကျော်ရှိပြီး အလှူ ရှင်အရောက်နည်းသည့်အတွက် အခက်ခဲဖြစ်လာရကြောင်းသိရသည်။
နေ့စားထွက်ပြီးအလုပ်အကိုင်ရှာဖွေလုပ်ကိုင်ခဲ့သော်လည်း လောက်ငှမှုမရှိနေကြောင်းသိရသည်။
စားနပ်ရိက္ခာ အရေးပေါ်လိုအပ်သလို ကျန်းမာရေး စောက်ရှောက်မှုနှင့် စစ်ရှောင်ကလေးပညာရေးအတွက် လည်းလိုအပ်​နေကြောင်း သိရသည်။
ယင်းနေရာ၌ ပြီးခဲ့သည် ၂လပိုင်းတွင် ကလေးငယ်တစ်ဦး ချောက်ကျသေဆုံးခဲ့ပြီး ဧပြီလ ၂၈ရက်နေ့တွင် နွေရာသီရေရှားပါးခြင်းမှ မသန့်ရှင်းသောရေများ အသုံးပြုရသည့်အတွက် ဝမ်းလျော်ဖြစ်မှုကြောင့် ကလေးငယ်တစ်ဦး ထပ်သေဆုံးခဲ့ရ‌ ကြောင်း၊ အခြားသုံးလေးဦးလည်း ဆေးရုံတင်ရကြောင်း၊ အချို့ကလေးများ အရေပြားရောဂါဖြစ်ပွားမှုလည်း ရှိနေကြောင်းသိရသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *