ခမ်းသားငေါဝ်း၊ မေလ ၂၉၊ ၂၀၂၃
ပင်လောင်းမြို့နယ်ကြားနှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း PNDF- KK ကပြောဆိုထားသည်။
ထိုဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစု တပ်တို့ နှစ်ဖက်စလုံးဒီရက်ပိုင်း အင်အားဖြည့်တင်းပြီး စစ်ပွဲဆက်တိုက်ဖြစ်ပွား နေကြောင်း သိရသည်။
“တိုက်ပွဲတော့ဆက်တိုက်ဖြစ်နေတယ် စစ်ကောင်စီဖက်လည်း အင်အားဖြည့်လာတာတွေ့ရတယ် အဓိက စစ်ကောင်စီဖက်က လေယာဉ်နဲ့ ပစ်လာတာများတယ် ခပ်စိပ်စိပ်ပစ်လာတယ် တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေအုံးမယ် “ဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် (PNDF-KK)က ရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည့်အတွက်စစ်ဘေးရှောင် ဒေသခံပြည်သူ လေးထောင်ကျော် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
စစ်ရှောင်ကူညီသူတစ်ဦးက “အခုနောင်တရားမြို့နယ်အတွင်းမှာ တစ်ထောင်ခန့်ရှိတယ် ပင်လောင်းမှာလည်း သုံးထောင်ကျော် ကျန်သေးတယ် တစ်ချို့က နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာလည်းရှိတယ် နေရပ်မပြန်နိုင်ကြသေး ဘူး”ဟု ပြောသည်။
နေရပ်စွန့်ခွာကြသည့် စစ်ဘေးရှောင်များသည် ကယား(ကရင်နီ)ပြည် မိုးဗြဲ၊ လွိုင်ကော်၊ ဒီမောဆိုနှင့် ပင်လောင်းမြို့နယ်ရှိဒေသခံများဖြစ်ပြီး ယခုတွင်ပင်လောင်းမြို့နယ်အတွင်း လွယ်စံပြောင်၊ ရွှေတောင်တောရ ၊ပင်လောင်းကြီးကျောင်း ၊ မွေတော်ဘုရားကြီး ၊ တီကျစ်၊ နောင်တရားစျေးသစ်၊ရွှေဘုန်းပွင့် နှင့် နီးစပ်ရာဆွေမျိုးအိမ်တွင် ခုံလှုံနေကြကြောင်း သိရသည်။
ပင်လောင်းမြို့တောင်ပိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါ ရီလကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုချိန်ထိ ဖြစ်ပွားနေသေးကြောင်းသိရသည်။
ထိုအပြင် စစ်ကောင်စီတပ်မှလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊ လေယာဉ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၄င်းဒေသတွင်ဒေသခံနေအိမ်များ ပျက်စီးမှုရှိနေသလို အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှု လည်းရှိကြောင်းသိရသည်။
Photo PNDF-KK