ခမ်းသားငေါဝ်း၊ မေလ ၂၆၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များ ရာသီဥတုအပြောင်းအလဲကြောင့် အားလုံးနီးပါး နှာစေး ချောင်းဆိုး ဖျားနာ ရောဂါဖြစ်ပွားကြောင်း ‌သိရသည်။
ပင်လောင်းတွင် ရာသီဥတုအေးသဖြင့် ကလေးနှင့်သက်ကြီးရွယ်အိုများ အအေးဒဏ်မခံနိုင်ကြဘဲ ဖျားနာ ဖြစ်နေကြပြီး ဆေးရုံတက် နေရကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။
“စစ်ရှောင်စခန်းမှာ လူလည်းများတယ် အကုန်လုံးက ပူးပူးကပ်ကပ် နေရတော့ ရောဂါတစ်ခုဖြစ်ရင် ကူးစက်ဖို့က အရမ်းလွယ်တယ်။ စစ်ရှောင်စခန်းမှာ သောက်ဖို့ ဆေးအလုံအလောက်မရှိတာရယ် ကြောင့် ခုလိုဖြစ်သွားတာ ခုတော့ တော်တော်များများ ဆေးရုံက‌ ဆင်းနေပါပြီ”ဟု စစ်ရှောင် တစ်ဦးက ခမ်းသားငဝ်းကို ပြောသည်။
ပင်လောင်းတွင် စစ်ရှောင်စခန်း ၁၄ ခု ရှိပြီး စစ်ရှောင်ဦးရေ ၆ ထောင်နီးပါး ရှိကြောင်းသိရသည်။
ယင်းစစ်ရှောင်များသည် ဖယ်ခုံ -ပင်လောင်းနယ်စပ်ရှိ တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊ တောင်မဲသင်း၊ ဘောရန်၊ နမ့်နိန်း နှင့် ကရင်နီပြည်အနှံမှဒေသခံများ ဖြစ်ကြကြောင်း သိကသည်။
ဓါတ်ပုံ- ကြယ်တံခွန် လှုမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *