ခမ်းသားငေါဝ်း၊ မေလ ၂၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ PNLO ၏ ဖက်နံတပ်စခန်းကို RCSS တပ်က ကျူးကျော်ဝင်ရောက်လာပြီး တိုက်ခိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊
ထိုပစ်ခတ်မှုသည် ယနေ့ မေလ၂၀ ရက် မနက်ပိုင်း ၅ နာရီခန့်တွင် RCSS/SSA က အင်းအား ၁၀၀ ကျော်ဖြင့် ကျူးကျော်ဝင်ရောက်လာပြီး ထီဖက်နံ PNLA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PNLO မှထုတ်ပြန်ထားသည်၊၊
ရှမ်းပြည် ပြန်လည်ထူထောင်ရေး RCSS/SSA မှ အင်းအား ၁၀၀ ကျော်ဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နယ်မြေအတွင်း ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုထားသည်၊၊
ယင်းကဲ့သို့ လာရောက်ပစ်ခတ်မှုကြောင့် PNLO တပ်ဖွဲ့မှ ပြန်လည်ခုခံတိုက်ခိုက်ရာ ၂ နာရီ ကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် (၇) နာရီခန့်တွင် RCSS တပ်ဖွဲ့သည် နမ့်ယမ်နှင့်လေခွင် ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်၊၊
လက်ရှိ ပအိုဝ်းကျေးရွာတွင်းသို့ ဝင်ရောက်တပ်စွဲနေပြီး ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးကြောင်းနှင့် ၎င်းတို့ တပ်အင်အား ထပ်မံ ဖြည့်တင်းနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် အကျအဆုံး ထိခိုက်မှု မသိရှိရသေးကြောင်းဆိုသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *