ခမ်းသားငေါဝ်း၊ မေလ၂၁ ၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာကြသည့် စစ်ဘေးရှောင်များအတွက် အကူအညီပေးမည့် NGO/CSO များ ဝင်ရောက်ကူညီပေးရန် အခက်ခဲရှိနေကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
“အဓိက အသွားအလာပေါ့ စစ်ဆေးတာလည်းများတယ် လုံခြုံရေးအခက်ခဲတွေလည်းရှိတယ်ပြီးတော့ ထွေအုပ်ဖက်ကလည်း ဘာပဲကူညီကူညီပေါ့ သူတို့ထံစာတင်ရတယ် သူတို့အရင်ခံစာပြန်တင်ရတာမျိုးလု​ပ် တယ်ပေါ့လေ ပင်လောင်းမှာလည်း ပြည်သူ့စစ်တွေ စစ်တပ်တွေ အမြဲစောင့်ကြည့်နေတဲ့အတွက် အခက်အခဲတော့အများကြီးရှိတယ်”ဟု NGO /CSO အဖွဲ့မှ စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ခမ်းသားငေါဝ်းသို့ပြောသည်။
တိုက်ပွဲဆက်တိုက်ဖြစ်ပွားပြီးနောက်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင် ၅ ထောင်ကျော်အထိရှိလာပြီးစားနပ်ရိက္ခာအခက်ခဲရှိနေရှိနေကြောင်း သိရသည်။
ထိုစစ်ဘေးရှောင် ၅ ထောင်ကျော်အတွက် စားနပ်ရိက္ခာများလိုအပ် သော်လည်း NGO/CSO အဖွဲ့ ဝင်ရောက်မှုအနည်းကျဥ်းသာရှိခဲ့သည်။
ပင်လောင်းမြို့နယ်အတွင်းတွင် ယခင်အာဏာမသိမ်းမီအချိန်ကပင် NGO/CSO အဖွဲ့က ဝင်ရောက်မှုမရှိစေရန်အတွက် ကျေးရွာအုပ်ချုပ်းရေးမှူးနှင့် ဒေသခံ ဆရာတော်က လိုက်လံဟောပြောထားကြောင်း သိရသည်။
ကရင်နီပြည်တွင် တိုက်ပွဲများဖြစ်ပွားနေသေးသည့် အတွက် စစ်ဘေးရှောင်များသည်နေရပ်သို့မပြန်နိုင်ဘဲ စားဝတ်နေရေးအတွက် အခက်ခဲများရှိနေကြောင်းသိရသည်။
စစ်ရှောင်များသည် ပင်လောင်းတောင်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့သည့်ကျေးရွာများ၊ ကယား(ကရင်နီ)ပြည် မိုးဗြဲ၊ လွိုင်ကော်၊ ဒီမောဆိုဒေသခံများဖြစ်ပြီး နောင်တရားမြို့နယ်နှင့်ပင်လောင်းမြို့နယ်အတွင်း လွယ်စံပြောင်၊ ရွှေတောင်တောရ ၊ပင်လောင်းကြီးကျောင်း ၊ မွေတော်ဘုရားကြီး ၊ နမ်းဖာမူ စစ်ရှောင်စခန်းတို့တွင်အများဆုံးခိုလှုံနေကြကြောင်းသိရသည်။
#ppv 003

Leave a Reply

Your email address will not be published. Required fields are marked *