ခမ်းသားငေါဝ်း, မေလ ၁၈၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် PNA ပြည်သူ့စစ်အဖွဲ့က ဒေသခံတောင်သူများကို နေကြာနှင့်ပြောင်းများစိုက်ပျိုးခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။
ဆောင်းပြောင်းဒေသ စိုက်ပျိုးတောင်သူများသည် ပြောင်းကိုသာ အဓိက စိုက်ပျိုးနေကြသဖြင့် ယခုကဲ့သို့ ပြောင်းမစိုက်ပျိုးရန် ကန့်သတ်လိုက်ခြင်းကြောင်း ဒေသခံများအတွက် အခက်ခဲများတွေ့ရကြောင်း သိရသည်။
“မေလ ၁၅ ရက်နေ့က ရွာလူကြီးအိမ်မှာ အစည်း ဝေးခေါ်ပြီး ပြောင်းနဲ့ နေကြာ လုံးဝ စိုက်လို့မရဘူး ပြောတယ်။ ပြောင်းတွေက ‌‌‌‌‌အပင်ရှည်ပြီးအရမ်းပိတ်လို့ ရန်သူတွေလာရင် မမြင်ရဘူး။ တစ်ခုခုဆို ပြေးဖို့အတွက်လည်း အခက်ခဲဖြစ်စေတယ် ပြောပြီး မစိုက်ခိုင်းဘူးပေါ့နော်။ ဒါ‌ပေမဲ့ ရွာသား‌တွေက ပြောင်းဘဲ နှစ်တိုင်းစိုက်လာတော့ ခုနှစ်ဒီလို ဖြစ် တော့ အခက်ခဲ ဖြစ်နေကြရတယ် “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဆောင်းပြောင်းဒေသသည် တိုက်ပွဲဖြစ်ပွားရာဒေသမှ စစ်ရှောင်များ ခိုလှုံသည့်နေရာဖြစ်ပြီး ယခုကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများ ကန့်သတ်လိုက်ခြင်း ကြောင့် ဒေသခံနှင့်စစ်ရှောင်များ အလုပ်အကိုင် ပိုမို ရှားလာပြီး စားဝတ်နေရေး အခက်ခဲ ပိုမိုရှိလာနိုင်‌‌ ကြောင်း ၎င်းက ဆက်ပြောသည်။
ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းသည် ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသခံများ ယခင်ထက် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုရှိလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *