ခမ်းသားငေါဝ်း၊ မေ ၁၂ ၊ ၂၀၂၃
ရှမ်းတောင်ပိုင်း ပအိုဝ်းအမျိုးသားနယ်မြေဖြစ်သည့် ဆီဆိုင်မြို့နယ်အတွင်းစစ်ရှောင်များအကူညီပေးနိုင်ရန်ရောက်လာသည့် အာဆီယံသံတမန်ယာဥ်တန်းကိုပြီးခဲ့သည့်မေလ(၇)ရက်နေ့၌ ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ်
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)မှပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းမနေ့မေလ(၁၁)နေ့ကထုတ်ပြန်ခဲ့သည်။
အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန(AHA)စင်တာသည် ပအိုဝ်းအမျိုးသားနယ်မြေအတွင်းရှိစစ်ရှောင်များကိုလူချင်းတွေ့ကူညီပေးနိုင်ရန်ခရီးစဥ်တွင်ယာဥ်တန်းတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။
၎င်းဖြစ်ရပ်ကိုမြင်တွေ့ခဲ့သည် ဒေသခံပအိုဝ်းပြည်သူများ၏ပြောဆိုချက် အရ ဒေသခံဌာနေအသွင်ပြောင်းပြည်သူ့စစ်များလုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်း
လုပ်ဆောင်ရာတွင် နောက်ကွယ်ကစေခိုင်းသည့်အခြေအနေများရှိခဲ့ကြောင်းတွေ့ရှိရသည့်အတွက်ကြောင့် မြန်မာနိုင်ငံဆိုင်ရာ(ASEAN)အထူးကိုယ်စား လှယ်မှတာဝန်ရှိသူများအပါ နိုင်ငံတကာအစိုးရများနှင့်အသိုင်းအဝိုင်းမှယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူပေးရန်တောင်းဆိုထားကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တိုင်းပြည်အတွင်း တင်းမာမှုအမြင့်ဆုံးကာလသည် တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုးကြားပဋိပက္ခများဖန်တီးခြင်း လူမျိုးတစ်မျိုးတည်းရှိ အုပ်စုများအကြားပဋိပက္ခဖန်တီးခြင်းစသည်ကို နိုင်ငံရေးထွက်ပေါက်ရှ ာစစ်တပ်
၏အမျိုးမျိုးသောသပ်လျှိုသွေးခွဲခြင်းကိုသတိကြီးစွာထားရမယ်ဟုလည်းပြောဆိုထားသည်။
ထိုအပြင်ကယန်းတိုင်းရင်းသားများအပါအဝင် ကရင်နီနှင့်ပအိုဝ်းကြား ဘာသာရေး လူမှုရေးစသည့် ပဋိပက္ခများ စစ်တပ်မှဖန်တီးမှုပြုပြီး ပအိုဝ်းအချင်းချင်းကြားရန်တိုက်ပေးနေခြင်းကို သိသာထင်ရှားလက်ရှိကြောင်းလည်းပြောဆိုထားသည်။
ယခင်၌ စစ်အေးခေတ်တွင်အမျိုးသားရေးနှင့် လူတန်းစားရေး အယူဝါဒမတူ ကွဲပြားနေသည့်အခြေခံကို ပြင်ပပယောဂဖြင့် သွေးခွဲမှုကြောင့် ပအိုဝ်းနီ
ပအိုဝ်းဖြူ ဟုအုပ်စုကွဲသည်ကိုသင်ခန်းစာယူကာ တစ်ဖန် သမိုင်းဆိုး တစ်ပတ်ပြန်မလည်စေရေးအတွက် သက်ဆိုင်သည့်လက်နက်ကိုင်အဖွဲ့အစည်းအပါအဝင် ပအိုဝ်းပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းကာကွယ်တားဆီးကြရန်လည်း ထုတ်ပြန်ချက်မှသိရသည်။
ပအိုဝ်းဒေသအတွင်းလာရောက်ကူညီသည့် သံတမန်ယာဥ်တန်းတိုက်ခိုက်ခံရ မှုကိုကြည့်ခြင်းအားဖြင့်စစ်တပ်၏အကြမ်းဖက်မှုများကိုမရပ်ဆိုင်းနိုင်ပဲ လူသားချင်းစာနာမှုအကူညီကို ထိထိရောက်ရောက်ပေးနိုင်မည်မဟုတ်ကြောင်းနှင့် ပြည်သူတစ်ရပ်လုံး၏ဆန္ဒဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလိုလားသူများကြား ဘုံသဘောတူညီချက်တစ်ရပ်ရအောင်ဖော်ဆောင်နိုင်မှသာ ဒေသတည်ငြိမ်အေးချမ်းရေးကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းထုတ်ပြန်ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *