ခမ်းသားငေါဝ်း၊ မေလ ၁၁၊၂၀၂၃
မြန်မာနိုင်ငံပြည်သူအားလုံးကို လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအထောက်အပံ့များ ကူညီခွင့်ပြုပေးရန် အာဆီယံကို တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ EROs နှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားပါသည်။
လက်ရှိအခြေအနေတွင် နိုင်ငံတစ်ဝှမ်း၌ ပြည်သူ ၁.၅သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ နယ်မြေအနှံအပြားတွင်လိုအပ်နေပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နေခြင်းကို စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကပ်ဘေးရင်ဆိုင်နေရသည့်အခြေအနေဖြစ်ကြောင်းပါရှိပါသည်။
လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများဆောင်ရွက်နေကြသော လွတ်လပ်သည့် ဒေသခံအဖွဲ့အစည်းများက ဆောင်ရွက်နေပါသော်လည်း ယင်းတို့အတွက် အရင်းအမြစ်လိုအပ်ချက် လွန်စွာကြီးမားနေပြီး အာဆီယံ- AHA Centre ကြိုးပန်းအားထုတ်မှုများသည် ထိုအကြပ်အတည်းကို အသိအမှတ်ပြုကာ အကူအညီလိုအပ်သည့်ပြည်သူအချို့အား အကူအညီပေးနိုင်ရန်နားလည်ကြိုဆိုကြောင်းဖော်ပြပါသည်။
မေလ ၇ ရက်နေ့ ရှမ်းပြည်နယ် ဆီဆိုင်မြို့သို့သွားရောက်သည့် အာဆီယံသံတမန်အချို့နှင့် ဘေးအန္တရယ်စီမံခန့်ခွဲရေးတွင် လူသားချင်းစာနာကူညီမှုအတွက် အာဆီယံညှိနှိုင်းရေရုံး AHA Centre မှ ကိုယ်စားလှယ်များပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ကို စစ်ကောင်စီနှင့်ဆက်စပ်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု EROs များနှင့် NUGက ကြားသိခဲ့ရကြောင်းနှင့် လူ့အသက်အန္တရယ်ထိခိုက်မှုမရှိခဲ့ ကြောင်း ပါရှိသည်။
လွန်ခဲ့သော ၂နှစ်ကျော် စစ်ကောင်စီ အာဏာသိမ်းစဥ်မှစ၍ ဖိနိပ်မှုအမျိုးမျိုးကိုခံခဲ့ရသည့် နိုင်ငံတစ်ဝှမ်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်သည့် ပြည်သူများ၏အခွင့်အရေး ကာကွယ်ရန်အတွက် EROsများနှင့် NUG က ဆန့်ကျင့်တွန်းလှန်နေခြင်းဖြစ်ပြီး တော်လှန်ရေးမှာလည်း အဆင့်ဆင့်ပြောင်းလဲခဲ့ကြောင်း ဟုဆိုပါသည်။
စစ်ကောင်စီတပ်များသည် ရွာများ၊ စစ်ဘေးရှောင်စခန်းများ၊စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ဘာသာရေးအဆောက်အအုံများ၊ အရပ်သားပြည်သူများကို လက်နက်ကြီးများ၊ ကုန်းကြောင်း လေကြောင်း ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အပစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခံရ၍ နေအိမ်များစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်းလုပ်ငန်းကို နိုင်ငံတစ်ကာမှအသိအမှတ်ပြုပြီး အာဆီယံထိပ်သီးအစည်းအဝေးများတွင် ဘုံသဘောတူညီခဲ့ကြသည့်အချက် ၅ချက် အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်သည့် အစီးအဝေး၏ဆုံးဖြတ်ချက် ၁၅ ချက်အနက် အမှတ် ၁၃ အရ လူသားချင်းကူညီမှုလုပ်ငန်းတွင် ကုလသမ္မဂနှင့် ပြင်ပမိတ်ဖက်အဖွဲ့များနှင့်အတူ ကျယ်ကျယ်ပြန့်ပြန်ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူလူထုကိုယ်စား EROs နှင့် NUG တို့မှ အာဆီယံခေါင်းဆောင်များကို တိုက်တွန်းထားပါသည်။ #PPV006

Leave a Reply

Your email address will not be published. Required fields are marked *