ခမ်းသားငေါဝ်း၊ မေလ ၁၂၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောက်တလုံးကြီး ဒေသ ဟမ်းဖို့ပေရွာတွင် မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ပြင်ဆင်ရန်အတွက် အကူအညီများ လိုအပ်နေ ကြောင်းသိရသည်။
ယင်းဒေသတွင် မေလ ၈ ရက် နေ့က မိုးသက် လေပြင်းကျရောက်သဖြင့် နေအိမ် ၂၃ လုံးပျက်စီးသွားခဲ့ပြီး ပျက်စီးသွားသည့် အိမ်များထဲတွင်အိမ် ၈ လုံးသည် အပျက်အစီးများခဲ့ ကြောင်းသိရသည်။
“လိုင်းလည်းမရတော့ ဘယ်သူမှ မသိဘူး အခုဆိုရင် သူတို့က ဖြစ်သလို နေကြရပါတယ် လိုအပ်တာတော့များတယ် ခုအ ရေးပေါ်လိုတာတော့ အိမ်အမိုး အကာနဲ့ စားနပ်ရိက္ခာ ပေါ့ အားလုံးကို ကိုယ်တတ်နိုင်သလောက် ကူညီစေချင်ပါတယ်”ဟု သွား ရောက်ကူညီ ပေးနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ယင်းဒေသသည် စီးပွားရေး၊ လှုမှုရေး စသည့်တို့ အဖက်ဖက်နောက်ကျနေပြီး နိုင်ငံတကာ အဖွဲ့အစည်းများလည်း သွားရောက်ကူညီရန် အခက်ခဲများစွာ ‌‌‌‌‌‌‌‌‌‌‌ရှိသော ဒေသ ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ တွင်လည်း ဆီဆိုင်မြို့နယ် ကယန်း လေးရွာတွင် မိုးကြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၄၀ နီးပါးပျက်စီးခဲ့ရသေး ကြောင်းသိရသည်။
ယခုမေလအတွင်း ဘဂ်လားပင်လယ် အော်တွင်ဖြစ်ပေါ်နေသည့် အားပြင်းသည့် မိုးချာမုန်းတိုင်းကြောင့် မြန်မာ နိုင်ငံ မြို့အချို့တွင် လေပြင်းတိုက်ခတ်ပြီးလူနေအိမ် ပျက်စီးခြင်း ရေကြီးခြင်းများ ဖြစ်ပေါ်နေပြီး မြို့နယ်အချို့တွင် ကူညီကယ်ဆယ်ရေး နှင့် ကြိုတင်ပြင်ဆင်မှုများလည်း လုပ်ဆောင်နေကြ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *