ခမ်းသားငေါဝ်း၊ မေလ ၁၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တ‌‌ရားမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံးဖြို့ရးကွင်း တရားနာရာဓမ္မရုံသည် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးခဲ့ရကြောင်း သိရသည်။
မေလ ၈ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မိုးကြီးလေပြင်း တိုက်ခတ်ခဲ့ပြီး ယင်းဓမ္မရုံပျက်စီးသည့်အပြင် ကျေးရွာဖက်ရှိ နေအိမ်အချို့နှင့် တောင်သူများ စိုက်ခင်းလည်း ပျက်စီးခဲ့ကြောင်းသိရသည်။
“လူတွေ သံဃာတွေထိခိုက်တာတော့မရှိခဲ့ဘူး အောက်ကကွန်ကရစ်နဲ့စိုက်လုပ်ထားတာတောင် လေဒဏ်မခံနိုင်အာင် လေအရမ်းပြင်းခဲ့တာ ကွန်ကရစ်တစ်ချို့လည်း လှန်ကုန်ကြတယ်”ဟု စန္ဒာခမ်းရုမ်းရုံးရှိတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခုမိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသည့်နေရာသည် ပင်လောင်းဒေသရှိ ဒေသခံများ အစည်းအ‌ဝေး လုပ်သည့်နေရာလည်းဖြစ်ပြီး စစ်ရှောင်အချို့ ခိုလှုံမှုလည်းရှိနေကြောင်း ၎င်းကဆ‌‌က်ပြောသည်။
ပြီးခဲ့သည့် ဧပြီလတွင်လည်း မိုးသက်လေပြင်း ကြောင့် ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းများ၊ မင်းဘူးမြို့နယ် ရှိ ဒေသခံ၏ နေအိမ်များ၊ စိုက်ပျိုးထားသည့် အပင်များ ပျက်စီးခဲ့ရပြီး အခက်ခဲများကြုံတွေ့နေရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *